တောင်ကိုရီးယားသတင်းစာမှာ ဝေဝေဆာဆာဖော်ပြခံနေရတဲ့ ပိုင်တံခွန်ရဲ့သတင်း

မင်းသားချော ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ပီပီ အမိုက်စားတက်တူးတွေနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ စတိုင်လ်တွေကြောင့် ပြည်တွင်းပြည်ပအထိ ထိုးဖောက်အောင်မြင်နေတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကပဲ (၅၀၅) က အမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါသတင်းဆိုးအပြီး နောက်တစ်ရက်မှာပဲ ပိုင်တံခွန်ဟာ TC Candler ရဲ့ ကမ္ဘာ့နံပါတ် (၁) ရုပ်ရည်အချောဆုံးအမျိုးသားတစ်ယောက်အဖြစ်ကိုလည်း ရွေးချယ်ခံခဲ့ရပါသေးတယ်။

ထောင်ဒဏ်ချမှတ်ခံရပြီးတဲ့နောက် TC Candler ရဲ့ ကမ္ဘာ့နံပါတ် (၁) ရုပ်ရည်အချောဆုံးအမျိုးသားတစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ပိုင်တံခွန်ရဲ့သတင်းဟာ ကမ္ဘာ့မီဒီယာတွေမှာ အသီးသီးဖော်ပြနေကြပြီး တောင်ကိုရီးယားလို အာရှထိပ်တန်းနိုင်ငံက သတင်းစာတွေနဲ့ ဝဘ်ဆိုဒ်တွေမှာလည်း ဝေဝေဆာဆာဖော်ပြခံနေရတာကို တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ မတရားအကျဉ်းချခံခဲ့ရပေမယ့် သူ့ရဲ့အောင်မြင်မှုနဲ့ ကျော်ကြားမှုကတော့ ရပ်တံ့သွားခြင်းမရှိပဲ ပိုလို့တောင် တိုးလာခဲ့တာ ပရိသတ်ကြီးလည်း မျက်မြင်ကိုယ်တွေ့ပါပဲနော်။

Source: Paing Takhon International Official Fansite ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.