လူကယ်ပြန်ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၏ ခင်ပွန်း ဒေါက်တာ အောင်ကျော်ဝင်းအား စကစမှ သီဟသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်ပေးအပ် ချီးမြှင့်

စကစ လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ခင်ပွန်း ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု၏ ပဲ့ကိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းကို အာဏာသိမ်းအဖွဲ့က သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ပေး

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အာဏာသိမ်းအဖွဲ့က လွတ်လပ်ရေးဂုဏ်ထူးဆောင်ဘွဲ့များပေးရာတွင် ဗုဒ္ဓဘာသာ သာသနာပြုအမျိုးသားများအတွက်ပေးသည့် သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို ရွှေနန်းတော်

စိန်ရွှေရတနာလုပ်ငန်းစုပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းလည်း ရရှိကြောင်း သိရသည်။ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဏာသိမ်းအဖွဲ့က ချီးမြှင့်သည့်

သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်အား ဒေါက်တာအောင်ကျော်ဝင်း အပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့တို့မှ အမျိုးသား(၆) ဦး ရရှိခဲ့ခြင်းဖြစ်သည်။ ဒေါက်တာ အောင်ကျော်ဝင်း အာဏာသိမ်းစစ်ကောင်စီ၏

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်သူ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ လက်ရှိပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၏ ဥက္ကဌဖြစ်သူ

ဒေါက်တာသက်သက်ခိုင်၏ ခင်ပွန်းဖြစ်သည်။ လွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဆုများအနက် ဗုဒ္ဓဘာသာသာသနာပြုသူများအတွက် ဘာသာရေးဘွဲ့ တံဆိပ်ခေါင်းစဉ်အောက်တွင် ပြည်တွင်းပြည်ပမှ သာသနာပြုသူများအတွက်ပေးသည့်

သာသနာနုဂ္ဂဟဘွဲ့တံဆိပ်(၈)မျိုးထဲတွင် သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်သည် (၅)ဆင့်မြောက် အမြင့်ဆုံး ဘွဲ့တံဆိပ် အမျိုးအစားဖြစ်ပြီး အမြင့်ဆုံး ဘွဲ့မှာ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် ဖြစ်သည်။

သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် ချီးမြှင့်ခံရသူသည် ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း၊ ရှင်သာမဏေအပါး ၁၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း၊ ရှင်သာမဏေ ၁၀ ပါးကို

တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ

အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၁၀၀ အထက် လှူဒါန်းခဲ့ခြင်း၊ ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာဝရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက်

ကျပ်သိန်း ၁၀၀ အထက် လှူဒါန်းခဲ့ခြင်း၊ ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း၊ သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း၊ ရှင်ပြုခြင်း၊

ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည်

ကျပ်သိန်း ၃၀၀၀ အထက် ရှိခြင်းစသည့် ဂုဏ်အင်္ဂါ အရည်အချင်းပြည့်စုံရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။ ဗုဒ္ဓဘာသာများအတွက် ပေးသည့်အဆိုပါဆုတံဆိပ်အမျိုးအစားတွင် အမျိုးသားများကို သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ချီးမြှင့်ပြီး အမျိုးသမီးများကို သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းဖြစ်သည်။

Zawgyi

စကစ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာသက္သက္ခိုင္၏ ခင္ပြန္း ေ႐ႊနန္းေတာ္ စိန္ေ႐ႊရတနာလုပ္ငန္းစု၏ ပဲ့ကိုင္ရွင္ ေဒါက္တာေအာင္ေက်ာ္ဝင္းကို အာဏာသိမ္းအဖြဲ႕က သီဟသုဓမၼမဏိေဇာတဓရဘြဲ႕တံဆိပ္ေပး

(၇၄) ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔တြင္ အာဏာသိမ္းအဖြဲ႕က လြတ္လပ္ေရးဂုဏ္ထူးေဆာင္ဘြဲ႕မ်ားေပးရာတြင္ ဗုဒၶဘာသာ သာသနာျပဳအမ်ိဳးသားမ်ားအတြက္ေပးသည့္ သီဟသုဓမၼမဏိေဇာတဓရဘြဲ႕တံဆိပ္ကို ေ႐ႊနန္းေတာ္

စိန္ေ႐ႊရတနာလုပ္ငန္းစုပိုင္ရွင္ ေဒါက္တာ ေအာင္ေက်ာ္ဝင္းလည္း ရရွိေၾကာင္း သိရသည္။ အာဏာသိမ္းအၾကမ္းဖက္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အာဏာသိမ္းအဖြဲ႕က ခ်ီးျမႇင့္သည့္

သီဟသုဓမၼမဏိေဇာတဓရဘြဲ႕တံဆိပ္အား ေဒါက္တာေအာင္ေက်ာ္ဝင္း အပါအဝင္ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕တို႔မွ အမ်ိဳးသား(၆) ဦး ရရွိခဲ့ျခင္းျဖစ္သည္။ ေဒါက္တာ ေအာင္ေက်ာ္ဝင္း အာဏာသိမ္းစစ္ေကာင္စီ၏

လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးျဖစ္သူ ယခင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)၏ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း၊ လက္ရွိျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)၏ ဥကၠဌျဖစ္သူ

ေဒါက္တာသက္သက္ခိုင္၏ ခင္ပြန္းျဖစ္သည္။ လြတ္လပ္ေရးေန႔ ဂုဏ္ထူးေဆာင္ဆုမ်ားအနက္ ဗုဒၶဘာသာသာသနာျပဳသူမ်ားအတြက္ ဘာသာေရးဘြဲ႕ တံဆိပ္ေခါင္းစဥ္ေအာက္တြင္ ျပည္တြင္းျပည္ပမွ သာသနာျပဳသူမ်ားအတြက္ေပးသည့္

သာသနာႏုဂၢဟဘြဲ႕တံဆိပ္(၈)မ်ိဳးထဲတြင္ သီဟသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္သည္ (၅)ဆင့္ေျမာက္ အျမင့္ဆုံး ဘြဲ႕တံဆိပ္ အမ်ိဳးအစားျဖစ္ၿပီး အျမင့္ဆုံး ဘြဲ႕မွာ အဂၢမဟာသီရိသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ ျဖစ္သည္။

သီဟသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ခံရသူသည္ ဥပါသကာဂုဏ္ရည္(၁၀)ပါးကို ေစာင့္ထိန္းသူျဖစ္ျခင္း၊ ရွင္သာမေဏအပါး ၁၀၀ ႏွင့္အထက္ တစ္ဦးတည္းဒါယကာခံ၍ ရွင္ျပဳေပးျခင္း၊ ရွင္သာမေဏ ၁၀ ပါးကို

တစ္ဦးတည္းဒါယကာခံ၍ ရဟန္းခံေပးၿပီး ပစၥည္းေလးပါး ေထာက္ပံ့ေပးလ်က္ရွိျခင္း၊ ဗုဒၶသာသနာ ထြန္းကားမႈအားနည္းေသာ ေဒသမ်ားတြင္ ဘုရား၊ ပုထိုး၊ ေစတီ၊ သိမ္၊ ေက်ာင္း၊ ဇရပ္၊ ေရတြင္း၊ ေရကန္၊ သာသနိကအေဆာက္အဦမ်ား

အသစ္တည္ေဆာက္ လႉဒါန္းျခင္း၊ ျပဳျပင္မြမ္းမံျခင္းတို႔ကို က်ပ္သိန္း ၁၀၀ အထက္ လႉဒါန္းခဲ့ျခင္း၊ ပရိယတၱိတကၠသိုလ္၊ ပရိယတၱိစာသင္တိုက္တို႔တြင္ ထာဝရေငြပေဒသာပင္၊ ပစၥည္းေလးပါးႏွင့္ သာသနိကအေဆာက္အဦတို႔အတြက္

က်ပ္သိန္း ၁၀၀ အထက္ လႉဒါန္းခဲ့ျခင္း၊ ျပစ္ဒဏ္က်ခံခဲ့ဖူးသူ မျဖစ္ျခင္း၊ တည္ဆဲဥပေဒမ်ားႏွင့္အညီ လိုက္နာေနထိုင္သူ ျဖစ္ျခင္း၊ သမၼာအာဇီဝလုပ္ငန္းျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳသူ ျဖစ္ျခင္း၊ ရွင္ျပဳျခင္း၊

ရဟန္းခံျခင္း၊ ဗုဒၶသာသနာ ထြန္းကားမႈအားနည္းေသာေဒသမ်ားသို႔ လႉဒါန္းျခင္း၊ ပရိယတၱိစာသင္တိုက္မ်ားသို႔ လႉဒါန္းျခင္းအပါအဝင္ အျခား သာသနာေရးဆိုင္ရာကိစၥရပ္မ်ားတြင္ လႉဒါန္းျခင္းစသည့္ လႉဒါန္းေငြ စုစုေပါင္းသည္

က်ပ္သိန္း ၃၀၀၀ အထက္ ရွိျခင္းစသည့္ ဂုဏ္အဂၤါ အရည္အခ်င္းျပည့္စုံရမည္ဟု သတ္မွတ္ထားေၾကာင္း သိရသည္။ ဗုဒၶဘာသာမ်ားအတြက္ ေပးသည့္အဆိုပါဆုတံဆိပ္အမ်ိဳးအစားတြင္ အမ်ိဳးသားမ်ားကို သီဟသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ခ်ီးျမႇင့္ၿပီး အမ်ိဳးသမီးမ်ားကို သီဟသုဓမၼသိဂႌ ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ျခင္းျဖစ္သည္။

Add a Comment

Your email address will not be published.