အကာအကွယ် တစ်ခုမှမပါပဲ ဓါးမြောင်လေးတစ်လက်နဲ့ မြေ.မြု.ပ်မို.င်းကို ရှင်းပေးနေတဲ့ KNDFမှ သူရဲကောင်း (ရုပ်/သံ)
“ ဒီလိုမိုင်းရှင်းနေရတဲ့အချိန်မှာလည်း ကြောက်လား ကွဲသွားမှာကြောက်လား။ ကြောက်တာပေါ့ သို့သော်လည်း ဒီဟာကြီးဆက်ရှိနေရင် ကျနော်တို့ မထိရင် ပြည်သူတစ်ယောက်ယောက် ထိတော့မှာပေါ့နေ
ာပြည်သူလူထုတွေ အထိမနာစေချင်တဲ့အတွက်ကြောင့်မလို့ကျနော်တို့တွေ ဒီအလုပ်ကို လုပ်ရခြင်းလည်း ဖြစ်တယ်ပေါ့နော ဆိုတော့ KNDFက သူ့ရဲ့မူဝါဒမှာ ပြောထားတဲ့အတိုင်း ပြည်သူ ကို ကာကွယ်ဖို့လို့ ပြောထားတဲ့ဟာရှိတယ်။
ဒါကြောင့်မလို့ ဒီစစ်ဖြစ်နေတဲ့ အချိန်မှ မဟုတ်ဘူး။ စစ်မဖြစ်တဲ့ အချိန်လည်း ပြည်သူကို ကာကွယ်ရတဲ့ ကိစ္စတွေ ကျနော်တို့လုပ်ရတာဖြစ်တယ်ပေါ့နော။ဒါက ကျနော်တို့ရဲ့မူနဲ့ ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းလည်း ဖြစ်တယ်ပေါ့နော။ “
အကာအကွယ်တစ်ခုမှမပါဘဲ ခြောက်လက်မလောက်ရှိတဲ့ ဓားမြောင် တစ်လက်နဲ့ မြေမြုပ်မိုင်း ကို ရှင်းနေတာကသည်းထိပ်ရင်ဖိုမြင်ကွင်းတစ်ခုလို့ပဲ ဆိုရမှာပါ။KNDFမှာဆိုရင် မိုင်းရှာတဲ့စက်တွေလည်း မရှိသေးတဲ့အတွက်
ရွှေရှာတဲ့စက်နဲ့ပဲ လိုက်စမ်းရတာဖြစ်ပါတယ် မိုင်းရှင်းလင်းရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေလည်း လုံလုံလောက်လောက်မရှိကြသေးပါဘူး KNDFမှာဆိုရင် မိုင်းရှင်းလင်းရေးနဲ့ပတ်သက်ပြီး တိကျတဲ့
သင်တန်းပို့ချမှုတွေတော့ မသင်ယူကြရသေးပေမယ့်ကိုသိုက်ဟာဆိုရင် တွေ့ရှိတဲ့ မိုင်းတွေကို တတ်သိသလောက် အများအတွက် ကိုယ့်အသက်ကို မငဲ့ဘဲ လုပ်ပေးနေသူဖြစ်ပါတယ်
Zawgyi
Add a Comment
Your email address will not be published.