စစ်ကိုင်းတိုင်း ညောင်ပင်ဝန်းရွာမှာ ဒလန်နှင့် စခန်းမှူးကို စကစကင်းပုန်းက လူမှား ပစ်ခတ်
မန္တလေး – မုံရွာလမ်း နုံးတွင်းရွာအနီးတွင် ယမန်နေ့ ညပိုင်းက အကြမ်းဖက် စကစ ကင်းပုန်းများ၏ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေပြီး အခြားတစ်ဦး ဆေးရုံတင်လိုက်ရကြောင်း ဒေသခံ
သတင်းရင်းမြစ်များကပြောသည်။ ဇန်နဝါရီ(၅)ရက် ည(၁၀)နာရီကျော်အချိန်က မန္တလေး – မုံရွာလမ်း နုံးတွင်းကျေးရွာနှင့် ညောင်ပင်လှရွာ ဇရပ်အနီးတွင် ကင်းပုန်းဝပ်နေသော စကစများက လူသုံးဦးကို
ပသ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ညောင်ပင်ဝန်းရွာမှ စစ်ကောင်စီ သတင်းပေးဒလန် မင်းမင်းဇော် ဆိုသူ နေရာတွင်ပင် ပွဲချင်းပြီးသေကာ ညောင်ပင်ဝန်းရွာ ရဲစခန်းမှူးနှင့် စကစရဲတပ်သားတစ်ဦး သေနတ်မှန် ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။
သတင်းပေးဒလန် မင်းမင်းဇော်ဆိုသူသည် သမီးဖြစ်သူကို ဆေးရုံပို့ပြီး၍ စခန်းမှူးနှင့်အတူ ရွာသို့ ပြန်လာစဉ် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စကစများ၏ ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခြင်း ဖြစ်သည်ဟု
ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။ “ညောင်ပင်ဝန်း မရောက်ခင် နုံးတွင်းရွာ ဇရပ်မှာ အပစ်ခံရတာတဲ့။ ဘေးရွာတွေကနေ ညက အသံတွေ ကြားရတယ်။ ဒလန်ကတော့ သေတယ်။ စခန်းမှူးကလည်း ဆေးရုံတင်ထားရတာ
အခြေအနေ မကောင်းဘူးကြားတယ်။ နောက်ထပ် ရခ တစ်ယောက်က ပေါင်ကို ထိတယ်လို့ ကြားတယ်။ သူတို့ အချင်းချင်းကို ကင်းပုန်းက မှားပစ်တာပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ညောင်ပင်ဝန်းရွာ ရဲစခန်း သုံးရက်ဆက်တိုက် လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက် ခံခဲ့ရသေးသည်ဟု ဒေသခံများက ပြောသည်။ ညောင်ပင်ဝန်းရွာသည် စစ်ကိုင်းမြို့နယ်အတွင်း
ပါဝင်ပြီး မန္တလေး – မုံရွာလမ်းပေါ်တွင် တည်ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေး – မုံရွာလမ်း ညောင်ပင်ဝန်းရွာတွင် စကစဆန့်ကျင်ရေး လူမဲ့သပိတ် ပြုလုပ်ထားစဉ်
Zawgyi
Add a Comment
Your email address will not be published.