သားဖြစ်သူအလုပ်တွေအေးဆေးလုပ်နိုင်ဖို့အတွက် ဝေယျာဝစ္စတွေကို လိုလေသေးမရှိလိုက်လုပ်ပေးတဲ့ မိခင်အကြောင်းပြောလာတဲ့ နေဆန်း
|အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်တဲ့ နေဆန်းကတော့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဟာသဗီဒီယိုလေးတွေတင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို လက်ခံရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ နေဆန်းက လက်ရှိမှာလည်း ဗီဒီယိုလေးတွေနဲ့ အွန်လိုင်းကြော်ငြာအချို့ကိုရိုက်ကူးကာ မိဘကိုရှာဖွေကျွေးမွေးနေတဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်။
မပြည့်စုံတဲ့မိသားစုဘဝကလာပေမယ့် ကြိုးစားမှုကြောင့် အိမ်တွေ၊ ကားတွေကို ပိုင်ဆိုင်လာပြီဖြစ်တဲ့ နေဆန်းဟာ သူ့ရဲ့မိသားစုတွေကို လိုလေသေးမရှိဖြည့်ဆည်းပေးနေသလို မိသားစုတွေဆီကလည်း ထောက်ပံ့မှုတွေကို ရရှိနေသူပါ။ ဒီကနေ့မှာလည်း နေဆန်းက သူ့ရဲ့ဝေယျာဝစ္စတွေကိုလိုက်လုပ်ပေးတဲ့ မေမေ့ရဲ့ဓာတ်ပုံလေးကိုရိုက်ပြီး “အလုပ်လုပ်ဖို့ အင်္ကျီတွေ အဲ့လိုသေသေချာချာလုပ်ပေးတယ်.. မေမေက ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
နေဆန်းကတော့ သူကိုယ်တိုင်လည်း မိဘတွေအပေါ် သိတတ်သလို သူ့အပေါ် နားလည်မှုရှိပြီး လိုလေသေးမရှိဂရုစိုက်တဲ့ မိဘကောင်းတွေကို ပိုင်ဆိုင်ထားတာ အားကျစရာပါပဲနော်။
Source: Nay Sann’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
သားဖြစ်သူအလုပ်တွေအေးဆေးလုပ်နိုင်ဖို့အတွက် ဝေယျာဝစ္စတွေကို လိုလေသေးမရှိလိုက်လုပ်ပေးတဲ့ မိခင်အကြောင်းပြောလာတဲ့ နေဆန်း
အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်တဲ့ နေဆန်းကတော့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဟာသဗီဒီယိုလေးတွေတင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို လက်ခံရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ နေဆန်းက လက်ရှိမှာလည်း ဗီဒီယိုလေးတွေနဲ့ အွန်လိုင်းကြော်ငြာအချို့ကိုရိုက်ကူးကာ မိဘကိုရှာဖွေကျွေးမွေးနေတဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်။