တစ်ယောက်တည်းကျန်တော့တဲ့မေမေ့အပေါ် အရမ်းတွယ်တာလွန်းတဲ့ သားကြီးဂျက်ဂျက်အကြောင်းကို ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် ဆရာဝန်မလေး နန်းမြတ်ဖြိုးသင်းကတော့ ပညာရေးမှာလည်း ထူးချွန်သလို အနုပညာလောကမှာလည်း အောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက် သမီးလေးတစ်ယောက်ကို မွေးဖွားထားတာပဲဖြစ်ပါတယ်။ ခင်ပွန်းသည်ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ သားနဲ့သမီးကို တစ်ယောက်တည်းပြုစုစောင့်ရှောက်ရင်း ဘဝကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

သားသမီးနှစ်ယောက်မှာ အငယ်လေးဂျူဂျူးက ငယ်လွန်းသေးတဲ့အရွယ်မလို့ မသိနားမလည်သေးပေမယ့် သားကြီးဂျက်ဂျက်ကတော့ အမေ့အပေါ်အရမ်းတွယ်တာကြောင်း “ဂျက်လေးကသူ့ဖိုးဖွားအိမ်မှာသွားနေပီးတော့ပြန်သွားခေါ်တဲ့ဗီဒီယိုလေးပါ။ ဖိုးဖွားမှာလဲသားမရှိတော့၊သားနဲ့တူတဲ့မြေးလေးကိုအရမ်းချစ်တာ။ သူ့ဖဖက”မေမေကဒီနေ့လာမခေါ်တော့ဘူး”ဆိုပီးစလို့ငိုထားသေးတာတဲ့🥰၊ အိမ်ရောက်တော့လဲပြောတတ်တယ် “ဂျက်ကမေ့မေ့ကိုသတိရနေတာ” တဲ့။ ဖိုးဖွားအိမ်မှာလဲ လိမ်လိမ်မာမာနဲ့ကြိုးစားပြီးနေရှာတယ်။ အမေကိုဒီအရွယ်တည်းက အလုပ်ဝိုင်းကူလုပ်ပေးတယ်။ ကြော်ငြာတွေရိုက်ရင်လဲ အိုက်တင်ကောင်းကောင်းလုပ်ပေးလို့ အလုပ်မှာအဆင်ပြေရတယ်။ သားကြီးလေးအချစ်တုံးလေးJack💖” ဆိုပြီး သားကြီးလေးရဲ့ ဗီဒီယိုကို အခုလိုပဲမျှဝေပေးလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ တစ်ယောက်တည်းကျန်တော့တဲ့မေမေ့အပေါ် အရမ်းတွယ်တာလွန်းတဲ့ သားကြီးဂျက်ဂျက်အကြောင်းကို ပြောပြလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အမေ့ကိုအရမ်းချစ်တဲ့ ဂျက်ဂျက်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Source: Nann Myat Phyo Thinn ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*