အာဏာရှင်လက်ပါးစေတွေကြောင့် အလှူရှင်တွေလှူထားတဲ့ပိုက်ဆံနဲ့ ဆောက်လုပ်ထားတဲ့ ဆေးရုံကိုပျက်စီးသွားခဲ့ရတယ်ဆိုတဲ့ ဒေါက်တာ A Nyein

တစ်နိုင်ငံလုံးကပြည်သူတွေက တောင်ပေါ်မြေက မီးအိမ်ရှင်မလေးလို ခေါ်ဝေါ်သက်မှတ်ထားကြတဲ့ ဒေါက်တာ A Nyein ကတော့ မြန်မာနိုင်ငံရေးပြဿနာတွေကြားထဲမှာ ထင်ရှားလာသူတစ်ယောက်ပါပဲ။ ချင်းတောင်တန်းဒေသက တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးနေတဲ့ ဒေါက်တာ A Nyein ဟာ ဒီကနေ့မှာတော့ အလှူရှင်တွေလှူထားတဲ့ပိုက်ဆံနဲ့ ဆောက်လုပ်ထားတဲ့ ဆေးရုံကိုပျက်စီးသွားခဲ့ရတယ်ဆိုတဲ့အကြောင်းကို စိတ်မကောင်းစွာပြောလာပါတယ်။

“31/12/2021 ညမှာ စကစတွေအင်အားအလုံးအရင်းနဲ့ ဆင်းလာပြီး 4/1/2022 ညမှာ ခွဲစိတ်ခန်း သားဖွားခန်း တွဲရက်အဆောက်အဦး နဲ့ လူနာဆောင်တွေကို ဖျက်ဆီးသွားပါတယ်။ ကံကောင်းစွာနဲ့ ဆေးဝါးတွေနဲ့စက်ပစည်းတွေအားလုံးကို အချိန်မှီဘေးလွှတ်ရာကိုရွှေ့နိုင်ခဲ့ပေမယ့် ကျန်ခဲ့တဲ့အဆောက်အဦးတွေကိုဖျက်ဆီးသွားတာပါ။ ဒီဆေးရုံစဖွင့်တဲ့ 11,12 လပိုင်းအတွင်းမှာပြင်ပလူနာ ၁၀၀၀ နီးပါး Admission လူနာ(ဆေးရုံတင်လူနာ) အယောက် ၅၀ နီးပါးကို ဆေးဝါးကုသမူပေးနိုင်ခဲ့ပါတယ်။ အသက်လုရတဲ့ အရေးပေါ်ခွဲစိတ်မူ၁၀ ခုအပါ ခွဲစိတ်မူပေါင်း ၃၁ ခု လူနာ ၃၁ ယောက်ကိုခွဲစိတ်ကုသပေးခဲ့ပါတယ်။ ၁၂ လပိုင်းအတွင်းမှာ စကစ မြေမြုပ်မိုင်းထိတဲ့ ၂နှစ်၃လအရွယ်ကလေးငယ်ကိုလည်း အရေးပေါ်ခွဲစိတ်ပြီးအသက်ကယ်နိုင်ခဲ့ပါတယ်။ ”

“နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အပြင် အခုလို ပြည်သူတွေ ကိုယ့်ခွန် ကိုယ့်အားနဲ့တည်ဆောက်ထားတဲ့ ဆေးရုံ ဆေးခန်းတွေကို ဖျက်ဆီးတာဟာပြည်သူတွေကို-တ်နေတာနဲ့အတူတူပါပဲ။ တိုင်းရင်းသားစစ်ဘေးရှောင်တွေကိုကျန်းမာရေးစောင့်ရှောက်မူပေးနေတဲ့နေရာတွေကို ဖျက်ဆီးတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာလူ့အခွင့်အရေးအသိုင်းအဝိုင်းက မျက်ကွယ်ပြုမထားကြဖို့ မျှော်လင့်ပါတယ်။” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ဒေါက်တာ A Nyein ကတော့ အလှူရှင်တွေ ချွေးနည်းစာနဲ့ လှူဒါန်းခဲ့တဲ့ ဆေးရုံကိုဖျက်စီးသွားတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာလူ့အခွင့်အရေးအသိုင်းအဝိုင်းက မျက်ကွယ်ပြုမထားကြဖို့ မျှော်လင့်ပါတယ်ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: A Nyein ‘s fb

Be the first to comment

Leave a Reply

Your email address will not be published.


*