မိဘနှစ်ပါးအတွက် အဓိဌာန်ထားတဲ့အတိုင်း သာသနာ့ဘောင်ထဲသို့ဝင်ရောက်ပြီး ကုသိုလ်ပြုကျေးဇူးဆပ်ခဲ့တဲ့ စည်သူမောင်
|သရုပ်ဆောင် စည်သူမောင်ကတော့ တချိန်က သွားတက်ကလေးတွေနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စည်သူမောင်က လက်ရှိမှာ အသက်အရွယ်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပြီး အရင်အတိုင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ စည်သူမောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်ကအတိုင်း အားပေးနေကြဆဲဖြစ်ပါတယ်။
အရွယ်ရောက်နေပြီဖြစ်တဲ့ စည်သူမောင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၄) ရက်နေ့မှာတော့ မြင့်မြတ်တဲ့ သာသနာ့ဘောင်ထဲသို့ဝင်ရောက်ခဲ့ပြီဆိုတဲ့အကြောင်းကို ပြောပြလာပါတယ်။ စည်သူမောင်က “မိဘနှစ်ပါး ကျန်းမာရေးအတွက် အဓိဌာန်ထားတဲ့အတိုင်း သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပါတယ် ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်။
စည်သူမောင်ကတော့ မိဘနှစ်ပါးရဲ့ ကျန်းမာရေးအတွက် သာသနာ့ဘောင်ထဲသို့ဝင်ရောက်ပြီး ကုသိုလ်ပြုကျေးဇူးဆပ်ခဲ့တာ ဝမ်းသာစရာပါပဲနော်။ ပရိသတ်ကြီးကလည်း စည်သူမောင်ရဲ့ ကုသိုလ်အတွက် ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးခဲ့ကြပါဦး။
Source: Si Thu Maung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
မိဘနှစ်ပါးအတွက် အဓိဌာန်ထားတဲ့အတိုင်း သာသနာ့ဘောင်ထဲသို့ဝင်ရောက်ပြီး ကုသိုလ်ပြုကျေးဇူးဆပ်ခဲ့တဲ့ စည်သူမောင်
သရုပ်ဆောင် စည်သူမောင်ကတော့ တချိန်က သွားတက်ကလေးတွေနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စည်သူမောင်က လက်ရှိမှာ အသက်အရွယ်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပြီး အရင်အတိုင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ စည်သူမောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်ကအတိုင်း အားပေးနေကြဆဲဖြစ်ပါတယ်။