ရိုက်ကူးရေးတွေရပ်နားထားတဲ့ (၂) နှစ်နီးပါးအချိန်အတွင်း ဇာတ်ကားဟောင်းလေးတွေပြန်ကြည့်ရင်း အလွမ်းဖြေနေရတဲ့ အိချောပို

မြန်မာအမျိုးသမီး တစ်ယောက်ပီပီ နက်မှောင်တဲ့ ဆံကေသာ တွေနဲ့ လှပကျစ်လစ်တဲ့ ခန္ဓာကိုယ် ကောက်ကြောင်း အလှကြောင့် နာမည်ကြီးသူလေး အိချောပို ကတော့ ဗီဒီယိုဇာတ်ကား တွေမှတဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိချောပိုကတော့ ရုပ်ရုပ် ဇာတ်ကားကြီး တွေမှာလည်း ခေါင်းဆောင် မင်းသမီးအဖြစ် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီး အကယ်ဒမီဆုတွေနဲ့တော့ အကြိမ်ကြိမ် လွဲချောနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၀) မှာရော (၂၀၂၁) မှာရော အနုပညာအလုပ်တွေရပ်နားခဲ့ရတဲ့ အိချောပိုဟာ ပရိသတ်တွေအတွက် ဗီဒီယိုဇာတ်ကားတွေမရိုက်ကူးဖြစ်ပဲ အွန်လိုင်းကြော်ငြာအချို့နဲ့ ဓာတ်ပုံရိုက်ကူးရေးတွေကိုသာ ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း အိချောပိုက “ကားဟောင်းလေးတွေပြန်ကြည့်ရင်း အရင်ရှုတင်တွေလွမ်း” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် Story မှာ ပြောလာတာကို တွေ့ရပါတယ်။

အိချောပိုကတော့ ရိုက်ကူးရေးတွေရပ်နားထားတဲ့ (၂) နှစ်နီးပါးအချိန်အတွင်း ဇာတ်ကားဟောင်းလေးတွေပြန်ကြည့်ရင်း အလွမ်းဖြေနေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိချောပိုရဲ့ဇာတ်ကားတွေကို အရင်လိုပြန်ကြည့်ချင်နေကြပြီထင်ပါတယ်နော်။

Source: Ei Chaw Po’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.