လွတ်မြောက်နယ်မြေထိအောင် လိုက်သွားတဲ့ သူ့ရဲ့ သမီးငယ်လေးရဲ့ ပုံရိပ်တွေကို ထုတ်ပြလာတဲ့ ဒါရိုက်တာ သည်ခေတ်နေ

အနုပညာလောကမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်ခေတ်နေဟာဆိုရင် ဖေဖော်ဝါရီလအစပိုင်းကတည်းက နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။

သည်ခေတ်နေက လူထုလှုပ်ရှားမှုမှာလည်း အားကြိုးမာန်တက်ပါဝင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အေ.ရးယူခြင်းခ.ံထား ရတာပဲဖြစ်ပါတယ်။

သည်ခေတ်နေက လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေသည်မှာ အချိန်တစ်ခုကြာပြီဖြစ်ပြီးတော့ ချစ်ရတဲ့သမီးလေးကိုပါ ခေါ်ထားတဲ့အကြောင်းကိုအခုလို ပြောပြ လာခဲ့ပါတယ်။

“သမီးလေးရေ၊ မဟုတ်တာလုပ်ရမှာနဲ့ မဟုတ်တာပြောရမှာ လောကမှာ ေ.ကြာက်စရာဆိုလို့ အဲ့ဒီ၂ခုပဲရှိတယ်တဲ့။ မှန်တာပြော/ မှန်တာလုပ်ပြီး ချစ်ခြင်းမေတ္တာနဲ့ သာ ရှင်သန် ပါစေသမီးလေးရေ။

ခုတော့ ဖေဖေနဲ့ပေါင်းပြီး ကိုယ့်သမီးလေးလည်း တောသူလေးဖြစ်နေပါပြီ”ဆိုပြီး သမီးလေးရဲ့ဓာတ်ပုံနှင့်တကွ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်တဲ့အကြောင်းကိုသူ့ရဲ့ လူမှုကွန်ယက်ထက်မှာ

ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ဖေဖေ သည်ခေတ်နေတို့ရဲ့ ပုံရိပ်လေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Zawgyi







Be the first to comment

Leave a Reply

Your email address will not be published.


*