မဆုံရတာကြာနေပြီဖြစ်တဲ့ မေမေ့အတွက် အဝေးကနေပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ R ဇာနည်
|နိုင်ငံကျော် အဆိုတော် R ဇာနည် ကတော့ ဂီတလောကမှာ နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါပဲ။ လက်ရှိမြန်မာ့နိုင်ငံရေးအရှုပ်အထွေးတွေမှာလည်း R ဇာနည်ဟာ တရားသောဓမ္မဘက်ကနေ ရပ်တည်ပြီး ပြည်သူတွေဘက်ကနေ ရဲရဲဝံ့ဝံ့ရှိနေခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း လွတ်မြောက်နယ်မြေမှာနေထိုင်ရင်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေလျက်ရှိတဲ့ R ဇာနည်ဟာ ဒီကနေ့မှာလည်း သူ့ရဲ့မိခင်ကြီးကို သတိရတမ်းတနေတာကိုတွေ့ရပါတယ်။
R ဇာနည်က ဒီကနေ့ ဇန်နဝါရီလ (၇) ရက်နေ့ကတော့ R ဇာနည်ရဲ့ မေမေ မွေးနေ့ဖြစ်ပြီး R ဇာနည်က သူ့မိခင်ရဲ့မွေးနေ့အတွက် “Happy Birthday ပါမေမေ.. မေမေ့ အရင်မွေးနေ့ တွေမှာ ရိုက်ထားတဲ့ ပုံ အချို့နဲ့ Wish လုပ်ပြီး ဒီနှစ်တော့ အဝေးကနေ ကန်တော့လိုက်ပါတယ်
မကြာခင်ပြန်ဆုံမယ်နော် အရမ်းချစ်တယ် အာဘွား
” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
R ဇာနည်ကတော့ မေမေ့ရဲ့မွေးနေ့မှာ အနားမှာရှိမနေနိုင်ပဲ အဝေးရောက်နေတာမို့ သတိရခြင်းများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ R ဇာနည်တစ်ယောက် မိသားစုတွေနဲ့ အမြန်ဆုံးဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Zarni Myonyunt ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
မဆုံရတာကြာနေပြီဖြစ်တဲ့ မေမေ့အတွက် အဝေးကနေပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ R ဇာနည်
နိုင်ငံကျော် အဆိုတော် R ဇာနည် ကတော့ ဂီတလောကမှာ နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါပဲ။ လက်ရှိမြန်မာ့နိုင်ငံရေးအရှုပ်အထွေးတွေမှာလည်း R ဇာနည်ဟာ တရားသောဓမ္မဘက်ကနေ ရပ်တည်ပြီး ပြည်သူတွေဘက်ကနေ ရဲရဲဝံ့ဝံ့ရှိနေခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း လွတ်မြောက်နယ်မြေမှာနေထိုင်ရင်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေလျက်ရှိတဲ့ R ဇာနည်ဟာ ဒီကနေ့မှာလည်း သူ့ရဲ့မိခင်ကြီးကို သတိရတမ်းတနေတာကိုတွေ့ရပါတယ်။
R ဇာနည်က ဒီကနေ့ ဇန်နဝါရီလ (၇) ရက်နေ့ကတော့ R ဇာနည်ရဲ့ မေမေ မွေးနေ့ဖြစ်ပြီး R ဇာနည်က သူ့မိခင်ရဲ့မွေးနေ့အတွက် “Happy Birthday ပါမေမေ..မေမေ့ အရင်မွေးနေ့ တွေမှာ ရိုက်ထားတဲ့ ပုံ အချို့နဲ့ Wish လုပ်ပြီး ဒီနှစ်တော့ အဝေးကနေ ကန်တော့လိုက်ပါတယ်