တောထဲမှာနေရင်း နိုင်ငံခြားကိုရောက်ရှိသွားတဲ့အကြောင်းနဲ့ ပတ်သက်ပြီးရှင်းလင်းပြောဆိုလာတဲ့ ဟန်လင်း

မော်ဒယ်လ်နဲ့ သရုပ်ဆောင်ဟန်လင်းကတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ဓမ္မဘက်မှာ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဟန်လင်းဟာ သူ့ရဲ့ချစ်သူမေဦးနဲ့အတူတူ တရားသောဘက်မှာရပ်တည်ပြီး လွတ်မြောက်နယ်မြေမှာ လအတော်ကြာနေထိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အရာရာကိုစွန့်လွှတ်ခဲ့တဲ့ ဟန်လင်းဟာ ပြည်ပနိုင်ငံကိုထွက်ခွာလာရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲပြောလာတာကိုတွေ့ရပါတယ်။

“အခုချိန်ကျွန်တော်တို့နောက်ကိုပြန်လှဲ့ကြည့်ရင်ကျောပဲရှိတော့တယ်။ ပြည်ပ နိုင်ငံကိုဘဝကြီးထင်ပြီး ထောင်ထဲကလူတွေကိုအားနာပါတို့ တောထဲကလူတွေကိုမသနားဘူးလားတို့ လာပြောကြတဲ့လူတစ်စုကိုပြောချင်တာက ကျွန်တော်တို့မှာလည်း ဘဝ ရှိပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံရေးသမားတွေလည်းမဟုတ်သလို သေနတ်ကိုင်ပြီး စစ်တိုက်နိုင်တဲ့အရည်အချင်းလည်းမရှိပါဘူး။ စက်စုပ်ဖို့ကောင်းတဲ့ မတရားမှုကြီးကိုပြည်သူတစ်ယောက်အနေနဲ့ မခံနိုင်လို့ အမှန်တရား ဓမ္မဘက်က ကျွန်တော်တို့ဘဝတွေပျက်လို့ပျက်မှန်းမသိလောက်အောင် နေအိမ်တွေ ဖျက်စီးခံရ ရှာထားသမျှငွေတွေ အသိမ်းခံရ နဲ့ နောက်ဆုံးတောထဲတောင်ထဲမှာ လပေါင်းများစွာပုန်းခိုပြီး ဒုက္ခတွေများစွာနှာဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ပြီးပါပြီ။ ထိုအချိန်ကာလတွေမှာလည်း စိတ်ကိုတင်းပြီး ရောက်ရာဘဝ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးကြိုးစားနေထိုင်ကြရင်း နိုင်ငံ့အရေးအတွက် နိုင်တဲ့ဝန်ကိုအတတ်နိုင်ဆုံး ဆက်လက်ထမ်းဆောင်ခဲ့တာမို့ ကိုယ့်လိပ်ပြာကိုယ် အရမ်းကိုလုံပါတယ်။ ”

“အဲ့အချိန်ကာလတွေမှာ လူတွေအလုပ်တွေလုပ်နေကြတာ မြင်ရင်ကိုယ်အားငယ်မိတာ အမှန်ပါ (အရှိန်အဟုန်နဲ့ကြိုးစားမယ်လို့ဆုံးဖြတ်ပြီးအားကုန်ကြိုးစားနေတဲ့ကာလကို) သို့ပေမယ့် ကိုယ်ထပ် တစ်နေ့နေ့အလုပ်တွေကို ထမင်းစားချိန်မရှိလောက်အောင်လုပ်နေရတဲ့ ကိုယ့်ချစ်သူအားငယ်ပြီး သူဝမ်းနည်းနေတာမြင်တော့ ကိုယ့်အားငယ်စိတ်တွေကိုဖျောက်ရင်း သူ့ကိုနှစ်သိမ့်ရင်းဖြတ်သန်းခဲ့ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုယ်သာအသိဆုံးပါ။ အခုလို ပြည်ပနိုင်ငံ ကိုထွက်လာတယ်ဆိုတာ အပျော်ခရီး ထွက်လာကြတာမဟုတ်ပါဘူး။ ကျွန်တော်တို့နောက်မှာ ရှိနေသေးတယ် မိသားစု စားဝတ်နေရေးအတွက် သူများနိုင်ငံမှာ ဘာပိုင်ဆိုင်မှုမှ မရှိ ရှေ့ဆက်ဘဝ ဘာဆက်ဖြစ်မှာလည်းဆိုတာလည်းမရေရာ၊ အခက်အခဲပေါင်းများစွာနဲ့ ဘဝ ကိုသုည ကပြန်စဖို့ကြိုးစားနေရတဲ့ကာလပါ။ အခုလို အခက်အခဲတွေနဲ့ထွက်သွားရသည့်တိုင် ကျွန်တော်တို့နိုင်ငံအရေးအတွက်လည်း ဆက်ပြီး နိုင်သမျှဝန်ကိုထမ်းနေဦးမှာပါ။ (ဖြည့်စွက်ပြီးနောက်ဆုံးပြောချင်တာ ကျွန်တော် တို့က Gay တွေပါ ) 🤍#အဲ့စာသားရဲ့ အဓိပ္ပာယ်က ကျွန်တော်တို့ရင်ထဲမှာခံစားနေရတဲ့ ခံစားချက်တစ်ချို့ကြောင့်ထည့်ရေးလိုက်မိတာပါ။ personal စိတ်ခံစားချက်မို့ ပါဗျာ 🤍” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ဟန်လင်းကတော့ အနောက်မှာရှိသေးတဲ့ မိသားစုစားဝတ်နေရေးအတွက် သူများနိုင်ငံမှာ အခက်အခဲပေါင်းများစွာနဲ့ ဘဝကို အစကပြန်စဖို့ ကြိုးစားနေရတာမို့ ခံစားချက်အချို့ကို ရင်ဖွင့်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။

Source: Han Lin ‘s fb

Be the first to comment

Leave a Reply

Your email address will not be published.


*