များပြားလှတဲ့တာဝန်ဝတ္တရားတွေကြားထဲမှာ ကိုယ့်ကိုကိုယ်အနားပြန်ပေးသင့်ပြီလို့ သတိပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့အတိတ်ဘဝကကံကြောင့် ခင်ပွန်းဖြစ်သူနဲ့ (၄)နှစ်ပဲ ပေါင်းသင်းနေထိုင်လိုက်ရပြီး သေကွဲကွဲခဲ့ရတာပဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီးနောက် သုံးနှစ်ကျော်သားတစ်ယောက်နဲ့ တစ်နှစ်တောင်မပြည့်သေးတဲ့ သမီးလေးတစ်ယောက်ကျန်ရစ်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်းဟာ သားနဲ့သမီးအပေါ် အကောင်းဆုံးပြုစုစောင့်ရှောက်နေသူဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးတဲ့နောက်မှာ စီးပွားလည်းရှာပြီး သားသမီးတွေကိုလည်းစောင့်ရှောက်ပေးနေရတဲ့ နန်းမြတ်ဖြိုးသင်းဟာ အားလပ်ချိန်ဆိုတာမရှိလောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပဲဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းက “ငါတကယ် အနားယူဖို့ လိုအပ်နေပြီ။ 🤯 ဒီရက်တွေ တော်တော်များများ ရှုပ်ကုန်တယ်။ ဘဝအစီအစဉ်ကို ပြန်စီစဉ်ရမယ်ထင်တယ်။ ငါ့ရဲ့ကြိုးစားအားထုတ်မှုထက် ကျော်လွန်ပြီး အလုပ်တွေအများကြီးလုပ်ဖို့ ငါစီစဉ်ခဲ့တယ်။ တကယ်တော့ တစ်ခုပြီးတစ်ခု လုပ်သင့်တယ်။အေးချမ်းနေပါစေ နန်းမြတ် 🙁” ဆိုပြီး သူမကိုယ်သူမသတိပေးလာခဲ့တာပဲဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ တာဝန်ယူမှုတွေများပြားလှပြီး များပြားလှတဲ့ အလုပ်တွေကြားထဲမှာ ကိုယ့်ကိုကိုယ်အနားယူရင်း စိတ်အေးချမ်းသာအောင်နေထိုင်ဖို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Nann Myat Phyo Thinn’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*