ထိုင်းနယ်စပ်ရှိ သောင်းကျန်းသူ စစ်ကောင်စီ၏ နတ်တောင်စခန်းကို ကရင်နီတပ် သိမ်းပိုက်နိုင်ခဲ့

ဇန်နဝါရီလ ၇ ရက်နေ့။

ထိုင် – ကရင်နီပြည်နယ် နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ နတ်တောင်စခန်းကို ကရင်နီတပ်မ တော်(KA)က သိမ်းပိုက်ရရှိသည်ဟု KA၏ သတင်းပြန်ကြားရေးက ယနေ့(ဇန်နဝါရီ ၇ ရက်)တွင် ထုတ်ပြန်သည်။

“ပြည်သူကိုအမြဲ ဒုက္ခပေးနေတဲ့ ထိုင်း-ကရင်နီ နယ်စပ် နန်းပန်ချောင်းအနီး စစ်ခွေးခြေကုတ် တပ်စခန်းဖြစ်တဲ့ နတ်တောင်စခန်းကို ကရင်နီတပ်မတော်မှ ယနေ့နံနက်အချိန်တွင် သွားရောက်သိမ်းပိုက်ခဲ့ပြီး စခဘက်မှ အသေ အပျောက်များရှိခဲ့ပါသည်”ဟု KA ၏ သတင်းပြန်ကြားရေးက ဆိုပါသည်။

ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးနောက် နာရီဝက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။

ထို့အပြင် ကရင်နီတပ်မတော်ဌာနချုပ် ညာမူတပ်စခန်းကိုလည်း ရဟတ်ယာဉ်ဖြင့်လာရာက် ဗုံးကြဲခဲ့သော်လည်း စစ်ကောင်စီ၏ ကာကင်းကုန်းတစ်ခုကိုသာ မှားယွင်း ဗုံးကြဲခဲ့ကြောင်းလည်း KA က အသိပေးသည်။

ယနေ့ နံနက်တိုက်ပွဲတွင် ကရင်နီတပ်မတော်မှ မည်သည့်ထိခိုက် နစ်နာမူမရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Add a Comment

Your email address will not be published.