စကစရဲ့ လက်ရှိ အခြေအနေနဲ့ နောက်ဖြစ်လာမယ့် အလားအလာ သုံးသပ်ချက်

အာဏာသိမ်း မြန်မာစစ်ကောင်စီ၏ လက်ရှိအခြေအနေ မြန်မာနိုင်ငံမှာ အကြိမ်ကြိမ်အာဏာသိမ်းခဲ့ဘူးတယ် မြန်မာပြည်သူတွေရဲ့ ဘာသာရေးကိုင်းရှိုင်းမှု့ကိုသိနေတဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတိုင်းဘာသာရေးသမားတွေနဲ့ အကာအကွယ်ယူတယ် ဘာသာရေးသမားတွေကလည်း အာဏာရှင်အလိုကျ ဝဋ်ရှိလို့ခံရတာ ၊ သူ့အပြစ်သူခံရလိမ့်မယ် ဆိုတဲ့ စကားလုံးနဲ့ မှိုင်းသွင်းခဲ့ကြတယ်

ဒါ့ကြောင့်လည်းမြန်မာစစ်တပ်ဟာ အာဏာသိမ်းဖို့ကို လက်ရက်ဇက်ရဲနိုင်လောက်အောင်ကို ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ဘူး 2003 ခုနှစ်လောက်က ထင်ပါတယ် အာဖဂန်နယ်မြေထဲကို အမေရိကန်တပ်တွေ ဗုံးမိုးရွာတော့ အမေရိကန်ဆန့်ကျင်သူအချို့က ဘာမှမရှိတဲ့ ကန္တာရထဲမှာ ငွေကုန်ခံပြီး ဗုံးမိုးရွာနေတာ သောက်ရူး တဲ့ အဲ့ဒီအချိန်မှာ ဒိတ်ဒိတ် ဆိုတဲ့ အသက်ငယ်ငယ်ကောင်လေးက

မဟုတ်ဘူးဗျ ၊ အမေရိကန်မှာ ဒါတွေရှိတယ်ဆိုတာ အကြောင်းသိအောင် ပြနေတာဗျ ၊ အဲ့ဒီလို ပြပေးမှ ဝပ်သွားမှာ တဲ့ ဒီလိုပါပဲ စာရေးသူတို့ ငယ်ငယ်က ဘာသာရေးသမားတွေ နှစ်သိမ့်ပေးတဲ့ ဝဋ်ရှိလို့ ခံရတယ်လို့ သဘောထားလိုက်ပါကွာ ဆိုတာ အားမတန်လို့ ပြိုင်မတုနဲ့တော့လို့ နှစ်သိမ့်ပေးတာပါ

တကယ်တော့ ကိုယ်ခံရတာကို ဘယ်တန်ခိုးရှင်ကမှ ကူညီပြီး တိုက်ခိုက်ပေးမှာ မဟုတ်ပါဘူး ကိုယ်တိုင် ခုခံ ကာကွယ် တုန့်ပြန်မှ နောက်တစ်ကြိမ် မလုပ်ရဲမှာပါ အာဏာသိမ်းခံရတာလည်း ဒီသဘောပါပဲ

ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှာလည်း အရင်လို တဖြည်းဖြည်း တည်ငြိမ်သွားလိမ့်မယ်လို့ ထင်ခဲ့ပုံရတယ် ။ နိုင်ငံရေးနဲ့ နယ်ပယ်အသီးသီးက ထင်ရှားသူတွေကို စည်းရုံးမယ် ၊ ဖမ်းမယ် ပြီးရင် ပြည်သူတွေကိုချော့မယ်

တည်ငြိမ်စပြုလာတဲ့အခါ တက်ကြွသူတွေကို နှိပ်ကွပ်မယ် ဈေးတွေမီးရှို့မယ် ဝန်ထမ်းတွေ နယ်ပြောင်းခိုင်းမယ် ကျောင်းတွေနဲ့ ဋ္ဌာနဆိုင်ရာတွေမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ကျောင်းအုပ်နဲ့ ဋ္ဌာနတွေမှာ မိုးကျရွှေကိုယ်တွေနဲ့ အစားထိုးမယ်

ပြီးရင် လမ်းတွေဖောက်ဖို့ လုပ်အားပေးခိုင်းမယ် ပြည်သူတွေကို လုပ်အားပေးတွေ အချိန်ပေးခိုင်းပြီး စားဝတ်နေရေး ခက်ခဲအောင်လုပ်မယ် တက်ကြွတဲ့ရပ်ကွက်တွေကို ကျူးကျော်ဆိုပြီး ဖျက်မယ်

စားဝတ်နေရေးခက်ခဲပြီး နိုင်ငံရေးကို အာရုံမစိုက်နိုင်အောင် သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေပါ နွေဦးတော်လှန်ရေးကိုလည်း ဒီလိုအစီအစဉ်နဲ့ တဖြည်းဖြည်း အဏာတည်လို့ရအောင် စီစဉ်ထားမှာ မလွဲပါဘူး

သို့ပေမယ့် ၊ နွေဦးတော်လှန်ရေးဟာ မြန်မာစစ်တပ်က ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့တယ် ဖေဖော်ဝါရီမှာ လမ်းပေါ်ကို ပြည်သူတွေထွက်လာတယ် ရက်ပိုင်းလောက်ကြာတော့ လူစုကွဲသွားလိမ်းမယ်အထင်နဲ့ မြသွဲ့သွဲ့ခိုင် ၊ ဝေယံထွန်း ၊ ကြယ်စင်တို့ကို ဦးခေါင်းချိန်ပြီး ပစ်ပြတယ်

ထင်သလိုမဖြစ်ပဲ ဂျင်နရေးရှင်း ဇီ က လက်နက်ကိုင်ဖို့ စီစဉ်တယ် တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်ရေးအကူအညီပေးတယ် ။ ကချင် ၊ ကရင် ၊ ကယားက အများဆုံး စစ်ရေးကူညီတယ် ချင်းပြည်နယ်က ပြည်နယ်လုံးကျွတ် တော်လှန်တယ် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီလက်နက်ကိုင်တွေအပြင်ကို အလွယ်တကူ မထွက်ရဲဘူး နိုင်ငံတကာဇာတ်ခုံပေါ်ကို ဒေါက်တာဆာဆာ ရောက်သွားတယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသံအမတ်အနေနဲ့ ဆက်လက်ရရှိထားတယ်

ကုလအပါအဝင် နိုင်ငံတကာက ရွေးကောက်ခံအစိုးရကိုသာ အစိုးရအဖြစ် ဆက်လက်အသိအမှတ်ပြုနေတော့ စစ်ကောင်စီကို လက်နက်ကိုင်ပြီး ခုခံတာဟာ တည်ဆဲအစိုးရကို ကာကွယ်တယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုတယ် ဒီအခြေအနေဟာ တစ်နှစ်ဆိုတဲ့ အချိန်ကာလကို ကပ်လာခဲ့ပြီ ဆိုတော့ ၊ နွေဦးတော်လှန်ရေး ဘယ်အခြေအနေရောက်နေသလဲဆိုရင် ၊ စစ်ကောင်စီ လုံးဝ ကျရှုံးသွားပါပြီ

ခေတ်အဆက်ဆက်မှာ ပြည်သူကမွေးတဲ့ သားသမီးတွေဆိုတဲ့စိတ်နဲ့ ကရုဏာသက်ခံခဲ့ရတဲ့ မြန်မာစစ်တပ်ကို စစ်တပ်နဲ့ ပတ်သက်သူတွေတောင် အော့နှလုံးနာသွားကြပါတယ် မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာဟာ လုံးဝအဖတ်ဆယ်လို့ မရတော့ပါဘူး မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာဟာ ပြည်တွင်းမှာသာမကပဲ ပြည်ပနိုင်ငံတွေအနေနဲ့လည်း နိုင်ငံတကာတရားရုံးအထိ တင်နိုင်ဖို့ တောင်းဆိုနေကြပါပြီ တရားစွဲထားပြီးပါပြီ

ဇန်န္တဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ သဝဏ်လွှာပို့ခဲ့တဲ့နိုင်ငံက ၅ နိုင်ငံသာ ရှိခဲ့ပါတယ် ။ အားကိုးနေတဲ့ တရုတ်နိုင်ငံကတောင် မပို့ခဲ့ပါဘူး ကမ္ဘာ့ပုလိပ်ကြီး အမေရိကန်ကတော့ ပြည်သူတွေဆီကို ပြောင်ပြောင်တင်းတင်းနဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ် ဒီအခြေအနေကို ကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးရဲ့ ပွဲသိမ်းကို မြင်နိုင်ကြလိမ့်မယ်ထင်ပါတယ်

မနေ့ကတော့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားက ဟွန်ဆန်ရောက်လာခဲ့ပါတယ် အာဆီယံပါလီမန်များအဖွဲ့ APHR က ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ကို ကောင်းဘွိုင် သံတမန်နည်းလမ်း လို့ ဝေဖန်ထားပါတယ် ဟွန်ဆန်ရဲ့ ခရီးစဉ်အပေါ်ကနေ အာဏာသိမ်းစစ်တပ်နဲ့ သဘောတူခဲ့သမျှတွေကို အသိအမှတ်မပြုနိုင်ဘူးလို့ အသိပေးထားပါတယ် ။ ကမ္ဘာတစ်လွှားက လူ့အခွင့်အရေးအဖွဲ့အားလုံးက ဟွန်ဆန်ကို ကောင်းဘွိုင်သံတမန် တစ်ကိုယ်တော် ရမ်းကားသူ လို့ ဝေဖန်ထားကြပါတယ်

ဒီလို ကမ္ဘာကြီးတစ်ခုလုံးက အာဏာသိမ်းစစ်တပ်ကို လူရာသွင်းချင်နေတယ်လို့ လူမှု့ကွန်ယက်နဲ့ နိုင်ငံတကာသတင်းတွေမှာ ဝေဖန်ခံနေရပြီး ဇရှိတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒပြမှု့တွေကိုလည်း ခံနေရတဲ့အတွက် ဟွန်ဆန်ဟာ နေပြည်တော်ကို ဒေါသတကြီးနဲ့ ရောက်လာတယ် လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခံနေရပါတယ်

ဆိုရရင် ၊ နွေဦးတော်လှန်ရေး အခြေအနေဘယ်လိုလဲ ဆိုတဲ့ မေးခွန်းအတွက် ဟွန်ဆန်ရဲ့အဖြစ်ကို ကြည့်မယ်ဆိုရင် သဘောပေါက်နိုင်ပါလိမ့်မယ်။ ကမ္ဘာပေါ်က လူ ၅ ယောက်လောက်ကလွှဲပြီး မြန်မာစစ်ကောင်စီကို ဘယ်သူကမှ အသိအမှတ်ပြု မဆက်ဆံရဲပါဘူး

ဒီအခြေအနေကို သိမြင်လာတဲ့ တပ်တွင်း လက်နက်ကိုင်မိသားစုတွေရဲ့ မကျေနပ်သံတွေလည်း ကြားလာရပါပြီ ။ တပ်ချုပ်ကတော့ အောက်ခြေကို အစွမ်းကုန်ဖိခိုင်းနေပါတယ် သို့ပေမယ့် PDF တွေကလည်း အချိန်ကြာလာတာနဲ့အမျှ အတောင်စုံလာပါတယ် ။ အနှစ်ချုပ်ရရင် ၊ ပြည်တွင်း ပြည်ပ တုန့်ပြန်မှု့တွေဟာ ဒီတစ်ခါ အာဏာသိမ်းမှု့ကို လုံးဝ ရိုက်ချိုးနိုင်ပါလိမ့်မယ်

Add a Comment

Your email address will not be published.