CDM သမားတွေအတွက် စာရင်းတွေလုပ်ရင်း မအားလို့ သမီးလေးကိုတောင် အချိန်သိပ်မပေးဖြစ်ဘူးလို့ ဆိုလာတဲ့ ဒေါက်တာ မြဝတ်ရည်

ဒေါက်တာမြဝတ်ရည်ကတော့ အရာရာကိုထက်မြတ်စွာဆုံးဖြတ်နိုင်ပြီး စကားပြောဆိုရာမှာ ကျွမ်းကျင်တာကြောင့် အမျိုးသမီးတော်တော်များများရဲ့ အားကျခြင်းကိုခံရတဲ့အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကတော့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း အစိုးရလုပ်ငန်းကိုရပ်ဆိုင်းဖို့အတွက်

ဆရာဝန်တွေဘက်ကစတင်ပြီး CDM လုပ်တဲ့အထဲမှာလည်း ဒေါက်တာမြဝတ်ရည်တစ်ယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။ ဒေါက်တာကတော့ တိမ်းရှောင်နေစဉ်မှာပဲ သမီးလေးကိုမွေးဖွားခဲ့တာ ဖြစ်ပါတယ်

သွေးမအေးဘဲ တော်လှန်ရေးမှာ နိုင်ရာတာဝန်ကို ဝင်ကူပြီးထမ်းဆောင်ပေးနေတဲ့ ဒေါက်တာမြဝတ်ရည်က ဒီတစ်ခါမှာလည်း CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေအတွက် ကူညီထောက်ပံ့မှုတွေကို ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ အလုပ်တွေရှုပ်နေတာကြောင့် သမီး Mia ကိုတောင် ဂရုမစိုက်ပေးနိုင်တဲ့အကြောင်းကို “ဒီ ၈ ရက်လုံး အမေက စာရင်းတွေ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလေတော့ သမီးခမျာ သူ့ဘာသာသူ နို့စို့ရတယ်

အမေချီမသိပ်အားတော့ အိပ်ရာထဲ ချထားရင် သူ့ဘာသာသူ အိပ်ပျော်သွားရှာတယ် အလုပ်ရှုပ်နေတဲ့ အမေဘေးကနေ သူအိပ်ချင်ပြီဆိုရင် အမေဒူးလေးကို သူ့လက် သေးသေးလေးနဲ့ ကုတ်ပြီး ချိုလိမ် တောင်းရှာတယ်

ကိုယ့်ကလေးကိုတောင် အချိန် သိပ်မပေးဖြစ်ဘဲ CDM အတွက် လုပ်ပေးဖြစ်တာ တစ်ချို့တွေက ရန်တွေ့တယ် စိတ်ဆိုးကြတယ် စကားနာထိုးကြတယ် အလိမ်ခံရတယ် ကိုယ်တိုင် အလှူငွေထည့် အလှူရှင်တွေကို ဆော်ဩ

မနိုင်ဝန်ထမ်း လူ ၃ ယောက်တည်းနဲ့ (လူ ၅၀၀ လောက်ထဲက) လူ ၁၉၃ ယောက်ကို ရွေးထုတ် စာရင်းပြုစု တစ်ဦးချင်းငွေလွှဲ လွှဲပြီးကြောင်း အကြောင်းပြန် အသေးစိတ်ကအစ အကုန်စစ်ဆေးရတာ မလွယ်နေပါဘူးနော်

အလှူငွေလွှဲသူစာရင်းကိုလည်း ဒီ CB ထဲကပဲ ဖြဲယဲရှာရတာ ပြီးရင် ငွေထုတ်ပေးမယ့် မိတ်ဆွေအစ်မဆီပို့ သူက ထုတ်ပေး ရမရ ပြန်ပြော ပြန်စစ် CDM တွေကို လွှဲရင်လည်း တစ်ဦးချင်း ဖုန်းတွေကို တစ်ကြောင်းချင်းစီပို့ရတာ ငွေလွှဲဖို့

ဖုန်းမှားလွှဲလို့လည်း မဖြစ်နေတော့ သေချာ ပြူးပြဲ လုပ်ရပါတယ် လူ၅၀၀ ကျော်ရဲ့စာတွေအားလုံးထဲက ရွေးရတာပါ မျက်ရိုးတွေကိုက် ခေါင်းပါကိုက်ပါတယ် မရတဲ့သူတွေက မရရကောင်းလား ဖြစ်နေကြတော့လေ

ပင်ပန်းရကျိုးက မနပ်နေပါဘူး ကျေးဇူးတွေ တင်လိုက်တာရှင် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ပြီး ချစ်ဖို့ကောင်း လိမ္မာတဲ့ Mia လေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

Zawgyi

ေဒါက္တာျမဝတ္ရည္ကေတာ့ အရာရာကိုထက္ျမတ္စြာဆုံးျဖတ္ႏိုင္ၿပီး စကားေျပာဆိုရာမွာ ကြၽမ္းက်င္တာေၾကာင့္ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားရဲ႕ အားက်ျခင္းကိုခံရတဲ့အမ်ိဳးသမီးတစ္ေယာက္လည္း ျဖစ္ပါတယ္။

သူမကေတာ့ ခြဲစိတ္ဆရာဝန္တစ္ေယာက္ျဖစ္ၿပီး သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့အာဏာသိမ္းမႈေနာက္ပိုင္းမွာလည္း အစိုးရလုပ္ငန္းကိုရပ္ဆိုင္းဖို႔အတြက္

ဆရာဝန္ေတြဘက္ကစတင္ၿပီး CDM လုပ္တဲ့အထဲမွာလည္း ေဒါက္တာျမဝတ္ရည္တစ္ေယာက္ အပါအဝင္ပဲ ျဖစ္ပါတယ္။ ေဒါက္တာကေတာ့ တိမ္းေရွာင္ေနစဥ္မွာပဲ သမီးေလးကိုေမြးဖြားခဲ့တာ ျဖစ္ပါတယ္

ေသြးမေအးဘဲ ေတာ္လွန္ေရးမွာ ႏိုင္ရာတာဝန္ကို ဝင္ကူၿပီးထမ္းေဆာင္ေပးေနတဲ့ ေဒါက္တာျမဝတ္ရည္က ဒီတစ္ခါမွာလည္း CDM မွာပါဝင္တဲ့ ဝန္ထမ္းေတြအတြက္ ကူညီေထာက္ပံ့မႈေတြကို ျပဳလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။

ဒီရက္ပိုင္းမွာ အလုပ္ေတြရႈပ္ေနတာေၾကာင့္ သမီး Mia ကိုေတာင္ ဂ႐ုမစိုက္ေပးႏိုင္တဲ့အေၾကာင္းကို “ဒီ ၈ ရက္လုံး အေမက စာရင္းေတြ ဖုန္းတစ္လုံးနဲ႔ အလုပ္ရႈပ္ေနေလေတာ့ သမီးခမ်ာ သူ႔ဘာသာသူ ႏို႔စို႔ရတယ္

အေမခ်ီမသိပ္အားေတာ့ အိပ္ရာထဲ ခ်ထားရင္ သူ႔ဘာသာသူ အိပ္ေပ်ာ္သြားရွာတယ္ အလုပ္ရႈပ္ေနတဲ့ အေမေဘးကေန သူအိပ္ခ်င္ၿပီဆိုရင္ အေမဒူးေလးကို သူ႔လက္ ေသးေသးေလးနဲ႔ ကုတ္ၿပီး ခ်ိဳလိမ္ ေတာင္းရွာတယ္

ကိုယ့္ကေလးကိုေတာင္ အခ်ိန္ သိပ္မေပးျဖစ္ဘဲ CDM အတြက္ လုပ္ေပးျဖစ္တာ တစ္ခ်ိဳ႕ေတြက ရန္ေတြ႕တယ္ စိတ္ဆိုးၾကတယ္ စကားနာထိုးၾကတယ္ အလိမ္ခံရတယ္ ကိုယ္တိုင္ အလႉေငြထည့္ အလႉရွင္ေတြကို ေဆာ္ဩ

မႏိုင္ဝန္ထမ္း လူ ၃ ေယာက္တည္းနဲ႔ (လူ ၅၀၀ ေလာက္ထဲက) လူ ၁၉၃ ေယာက္ကို ေ႐ြးထုတ္ စာရင္းျပဳစု တစ္ဦးခ်င္းေငြလႊဲ လႊဲၿပီးေၾကာင္း အေၾကာင္းျပန္ အေသးစိတ္ကအစ အကုန္စစ္ေဆးရတာ မလြယ္ေနပါဘူးေနာ္

အလႉေငြလႊဲသူစာရင္းကိုလည္း ဒီ CB ထဲကပဲ ၿဖဲယဲရွာရတာ ၿပီးရင္ ေငြထုတ္ေပးမယ့္ မိတ္ေဆြအစ္မဆီပို႔ သူက ထုတ္ေပး ရမရ ျပန္ေျပာ ျပန္စစ္ CDM ေတြကို လႊဲရင္လည္း တစ္ဦးခ်င္း ဖုန္းေတြကို တစ္ေၾကာင္းခ်င္းစီပို႔ရတာ ေငြလႊဲဖို႔

ဖုန္းမွားလႊဲလို႔လည္း မျဖစ္ေနေတာ့ ေသခ်ာ ျပဴးၿပဲ လုပ္ရပါတယ္ လူ၅၀၀ ေက်ာ္ရဲ႕စာေတြအားလုံးထဲက ေ႐ြးရတာပါ မ်က္႐ိုးေတြကိုက္ ေခါင္းပါကိုက္ပါတယ္ မရတဲ့သူေတြက မရရေကာင္းလား ျဖစ္ေနၾကေတာ့ေလ

ပင္ပန္းရက်ိဳးက မနပ္ေနပါဘူး ေက်းဇူးေတြ တင္လိုက္တာရွင္ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္။ ကိုယ့္အားကိုယ္ၿပီး ခ်စ္ဖို႔ေကာင္း လိမၼာတဲ့ Mia ေလးရဲ႕ ပုံရိပ္ေလးေတြကို ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝလိုက္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*