နှစ်သစ်မှာ ပါချုပ်ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ပြီး မိသားစုလိုက်ကုသိုလ်ယူခဲ့တဲ့ ခိုင်သင်းကြည်

သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ အကယ်ဒမီဆုကြီးတွေ ဆွတ်ခူးနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့သလို မိသားစုနဲ့ ပတ်သက်ရင်လည်း ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ အစစအရာရာ လိုလေသေးမရှိပြီးပြည့်စုံတဲ့ ခိုင်သင်းကြည်ဟာ သူမရဲ့ဘဝကို ရိုးရှင်းစွာနဲ့ပဲ ဖြတ်သန်းနေသူတစ်ယောက်လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

အသက်အရွယ်တစ်ခုရောက်ရှိလာတာနဲ့အမျှ ဘာသာရေးနဲ့ ကုသိုလ်ရေးကို အချိန်ပေးလုပ်ကိုင်ဖြစ်နေတဲ့ ခိုင်သင်းကြည်ဟာ ဒီကနေ့မှာလည်း သူမတို့မိသားစုရဲ့ နှစ်ဦးကုသိုလ်ကို ပြုလုပ်ဖြစ်ခဲ့ကြပါတယ်။ ခိုင်သင်းကြည်တို့မိသားစုက ပါချုပ်ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ခဲ့ပြီး ဆရာတော်ကြီးအတွက် နဝကမ္မအလှူငွေ စုစုပေါင်း (၁၅) သိန်း တိတိကိုလည်း လှူဒါန်းပေးခဲ့ကြတာကို တွေ့ရပါတယ်။

ခိုင်သင်းကြည်တို့မိသားစုကတော့ နှစ်တစ်နှစ်ရဲ့ ကုသိုလ်ကို အကျိုးရှိတဲ့ အလှူလေးတွေပြုလုပ်ရင်းဖြတ်သန်းကုန်ဆုံးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့မိသားစုရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source: Khine Thin Kyi ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*