သာသနာ့ဘောင်ထဲကိုဝင်ရောက်ခဲ့တဲ့ မေမေ့ကိုကြည့်ပြီး သွားလေသူဖခင်ကြီးကို သတိရတမ်းတနေတဲ့ ပိုးကြာဖြူခင်
|ဆိုင်းမိုင်လို့ ပရိသတ်တွေသိကြတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားခဲ့တာပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ သူမရဲ့ဖခင်ကြီးဆုံးပါးပြီးနောက်ပိုင်း မိခင်နဲ့ မောင်နှမတွေကိုသာ အဖော်ပြုရင်း အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ သမီးအလိမ္မာလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က သာသနာ့ဘောင်ထဲကို ဝင်ရောက်သွားတဲ့မေမေ့ကိုကြည့်ပြီး ဝမ်းနည်းဝမ်းသာဖြစ်ရကြောင်း အခုလိုပဲပြောလာပါတယ်။
“မင်္ဂလာရှိသောနေ့ အဖိုးနဲ့ပါးကြီးသာ ရှိနေသေးရင် ကျမအမေ သီလရှင်ဝတ်တာ ကို အရမ်းဝမ်းသာပြီး သာဓုခေါ်ကြမှာ
အခုလိုမြင်တွေ့ရလို့ အများကြီး ဝမ်းသာ ပီတိဖြစ်ရပါတယ် ကျန်းမာတည်ငြိမ်စွာနဲ့ သာသနာ့အကျိုးသယ်ပိုးပြီး မျှော်မှန်းထားတဲ့အတိုင်း တရားထူးတရားမြတ်တွေ ရရှိအောင်မြင်ပါစေ
” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာဖြစ်ပါတယ်။
ပိုးကြာဖြူခင်ကတော့ သာသနာ့ဘောင်ထဲကိုဝင်ရောက်ခဲ့တဲ့ မေမေ့ကိုကြည့်ပြီး သွားလေသူဖခင်ကြီးကို သတိရတမ်းတနေကာ ဖေဖေသာရှိသေးရင် အရမ်းဝမ်းသာပြီး သာဓုခေါ်ကြမှာပဲလို့ ပြောလာခဲ့တာဖြစ်ပါတယ်။
Source: Poe Kyar Phyu Khin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
သာသနာ့ဘောင်ထဲကိုဝင်ရောက်ခဲ့တဲ့ မေမေ့ကိုကြည့်ပြီး သွားလေသူဖခင်ကြီးကို သတိရတမ်းတနေတဲ့ ပိုးကြာဖြူခင်
ဆိုင်းမိုင်လို့ ပရိသတ်တွေသိကြတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားခဲ့တာပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ သူမရဲ့ဖခင်ကြီးဆုံးပါးပြီးနောက်ပိုင်း မိခင်နဲ့ မောင်နှမတွေကိုသာ အဖော်ပြုရင်း အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ သမီးအလိမ္မာလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က သာသနာ့ဘောင်ထဲကို ဝင်ရောက်သွားတဲ့မေမေ့ကိုကြည့်ပြီး ဝမ်းနည်းဝမ်းသာဖြစ်ရကြောင်း အခုလိုပဲပြောလာပါတယ်။