Bobby Soxer နဲ့ နန်းသူဇာတို့ကို အရုပ်ဝယ်ပေးဖို့အချွဲပိုနေတဲ့ သားလေးဂျက်ဂျက်ကိုကြည့်ပြီး သဘောကျနေတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ ဗီဒီယို

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ သရုပ်ဆောင်တဲ့နေရာမှာရော၊ သီချင်းဆိုတဲ့နေရာမှာပါ ပရိသတ်အားပေးမှုကို လက်ခံရရှိထားသူဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီးတဲ့နောက် သားနဲ့သမီးကို ပြုစုစောင့်ရှောက်ရင်း ဘဝကို တစ်ယောက်တည်း ရင်ဆိုင်ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ခင်ပွန်းဖြစ်သူမရှိတော့ပေမယ့် သားနဲ့သမီးအတွက် လောကဓံကိုတစ်ယောက်တည်းရင်ဆိုင်ဖြတ်သန်းနေတဲ့ နန်းမြတ်ဖြိုးသင်းကို အချစ်ပိုကြအားပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။

ပရိသတ်တွေက နန်းမြတ်ဖြိုးသင်းတို့မိသားစုလေးကိုချစ်ကြသလို နန်းမြတ်ဖြိုးသင်းရဲ့သူငယ်ချင်းမိတ်ဆွေတွေကလည်း နန်းမြတ်ဖြိုးသင်းကို အရင်ကထက်ပိုပြီး ချစ်ပေးကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နန်းမြတ်ဖြိုးသင်းက သူမရဲ့အိမ်ကိုလာလည်တဲ့ နန်းသူဇာ၊ Bobby Soxer တို့ကို အချွဲပိုနေတဲ့ သားကြီးဂျက်ဂျက်အကြောင်းကို “အိမ်ကို တီတီဒုံ တီတီနန်း နဲ့ တီတီထက်တို့လာလည်တုန်းက ဂျက်ဂျက်ရဲ့ပူဆာနေမှုကြီး 🚖🚗 တီတီတွေကိုfly kissတွေအားရပါးရပေးသေးတာ ဗီဒီယိုမရိုက်လိုက်ရလို့😅” ဆိုပြီး ပြောလာပါတယ်။

ဂျက်ဂျက်လေးကတော့ သူ့အပေါ် အရမ်းချစ်တဲ့ တီတီနန်းသူဇာနဲ့ တီတီ B Sox တို့ကို ချစ်တဲ့အကြောင်းတွေ တဖွဖွပြောပြီး အရုပ်ပူဆာနေတာ အရမ်းကိုချစ်စရာကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း ဂျက်ဂျက်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေမယ်လို့ ထင်ပါတယ်နော်။

Source: Nann Myat Phyo Thinn ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.