အာရုံကြောရောဂါအတွက် ရိုးရှင်းလွယ်ကူတဲ့ဆေးနည်းလေ

“အာရုံကြောအားနည်းခြင်း၊ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊

ခြေလက်လေးလံခြင်းနှင့်ညအိပ်မပျော်ခြင်း”

တွေကြောင့် မလန်းဆန်းတော့ဘူးလား….

ညအိပ်မပျော်တာ ကြာရှည်လာခဲ့လျှင် အစားအသောက်စားရာတွင်လည်း ခံတွင်းမလိုက်တော့ပါဘူး။

အိပ်မပျော်စားမဝင်တော့ဘူးဆိုလျင် အာရုံကြောအားနည်းလာတတ်ပါတယ်။

နှလုံးအားပါ နည်းလာတတ်ပါတယ်။

သွေးပေါင်ချိန်လည်း မမှန်တတ်ပါဘူး။

ဦးခေါင်းပိုင်းချွေးထွက်လွန်ခြင်း၊ခြေဖျားလက်ဖျားအေးခြင်း၊မျက်စိဝေခြင်း၊နားလေထွက်ခြင်းစတာတွေနဲ့ အဆုတ်၊ကျောက်ကပ်စွမ်းဆောင်ရည်p%%ကျဆင်းပြီးအစာမကြေခြင်း၊ဝမ်းချုပ်စမြင်းခံခြင်းစတာတွေနဲ့ ပါတ်လည်ရိုက်နေတတ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်ရုံမျှနဲ့မောပန်းလွယ်ခြင်း၊စိတ်မရှည်ခြင်းစတာတွေဖြစ်လေ့ရှိပါတယ်။

အထက်ပါအာရုံကြောရောဂါအတွက်ရိုးရှင်းလွယ်ကူတဲ့ဆေးနည်းလေးပေးပါမယ်

၁။ သံပုရာသီးအလုံးႀကီးတစ္လုံး။

၂။ ကြက်ဥအစိမ်းတစ်လုံး

(မည်သည့်ကြက်ဥ မဆိုရပါသည်)။

၃။ ပျားရည်စစ်စစ်ဟင်းစားဇွန်းတစ်ဇွန်း

(သဘာဝ ပျားရည်မရလွယ်ပါက မွေးမြူရေးပျားရည်ကိုသုံးစွဲပါ)။

၄။ ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံး။

၅။ ရေနွေးကြမ်းအဖြူထည်ပူပူအကြမ်းပန်းကန် တစ်ဝက်စသည်တို့လိုအပ်ပါမည်။

#ဆေးပြုလုပ်ပုံ

– ရှေးဦးစွာ သင့်တော်မည့်အရွယ် ပန်းကန်လုံးတစ် လုံးထဲ သံပုရာသီးတစ်လုံးကို ထက်ခြမ်းခွဲ၍နှစ်ခြမ်းလုံးအရည်ညှစ်ထည့်ပြီး အစေ့များကို ဖယ်ရှားပစ်ပါ။

– ထို့နောက် ပျားရည်ကို ဟင်းစားဇွန်းတစ်ဇွန်းစာ ထည့်ပါ။

– ပြီးပါက ကြက်ဥအစိမ်းတစ်လုံးဖေါက်ထည့်ပါ။

– တဖန် ရေနွေးအဖြူပူပူအကြမ်းပန်းကန်တစ်ဝက်စာကို ထပ်မံလောင်းထည့်ပြီးသမအောင် မွှေပေးပါ။

– ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံးကို ညက် နေအောင် ပြုလုပ်ပြီး ထပ်မံထည့်ပါ။

– ထိုသို့ ပြုလုပ်ပြီးပါက အသင့်သောက်သုံး၍ရပါပြီ။

အထက်ပါအာရုံကြောအားဆေးကိုသောက်သုံးရမည့်အခြေအနေနှင့်အချိန်အခါများ

၁။ အားအင်ကုန်ခမ်းမောပန်းနေသည့်အခါ။

၂။ ညအိပ်ရေးပျက်သည့်အခါ။

၃။ ခြေလက်လေးလံထိုင်းမှိုင်းနေသည့်အခါ။

၄။ စိတ်ရွှင်လန်းမှုမရှိသည့်အခါ။

၅။ မလုပ်ချင်မကိုင်ချင်ဖြစ်နေသည့်အခါမျိုးတွင် သောက်သုံးပြီး အနည်းဆုံးဆယ့်ငါးမိနစ်ခန့်ငြိမ် သက်စွာအိပ်စက်အနားယူပေးပါက အားအင်ပြည့်ဖြိုးပြီးပြန်လည်လ
န်းဆန်းလာစေမည်။

အထက်အားဆေး၏ထူးခြားချက်မှာ

အကြောအားဆေးသွင်းသကဲ့သို့ အားအမြန်ပြည့်စေပြီး အာရုံကြောအား ၊ အကြောအား ကောင်းမွန်စေပါသည်။

ဤဆေးကို နံနက်စောစော မည်သည့်အစာမျှမစားမှီ နှင့် ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သောက်သုံးပေးပါက ပို၍အဆင်ပြေပါသည်။

အကယ်၍ မိမိအဆင်ပြေရာအချိန်တစ်ချိန်တွင် သောက်သုံးပေးမည်ဆိုလျှင်လည်းရပါသည်။

အနည်းလေး တစ်ရက်တစ်ကြိမ်နေ့စဉ်မှီဝဲပေးပါက ပေါ့ပါးသွက်လက်ကျန်းမာစေပါမည်။

(မှတ်ချက်။ ။အိပ်ချိန်ဖုန်းမကြည့်ရပါ။နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်)

မိဘပြည်သူများအားလုံး….ကျန်းမာခြင်းမဂ်လာနဲ့ပြည့်စုံကြပါစေကြောင်း “သစ်မွှေးကမ္ဘာနှင့်ပျားသစ္စာ”မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

crd

Be the first to comment

Leave a Reply

Your email address will not be published.


*