တပ်ပြေးများပြေးလွန်း၍ ပြည်သူ့စစ်နှင့်မီးသတ်များမှ စစ်သားများကိုစောင့်ကြည့်နေရသည့်အဖြစ်

ကော့သောင်းမြို့အခြေစိုက်တပ်ရင်းများမှ စစ်သားများထွက်ပြေးပြီးနောက် ကော့သောင်းမြို့စစ်တပ်လုံခြုံရေးဂိတ်များမှ စစ်သားများကိုတပ်တွင်းသို့ပြန်လည်ထိန်း သိမ်းထားကာ မီးသတ်နှင့်ပြည်သူ့စစ်ကိုကင်းစောင့်ခိုင်း

တနင်္သာရီတိုင်းကော့သောင်းမြို့ခမောက်ကြီး အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၀ လက်အောက်ခံတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များခွင့်မဲ့ပျက်ကွက်ပြု လုပ် ၍ ထွက်ပြေးပြီးနောက် စစ်ကောင်စီတပ်မှ ၎င်းတို့၏တပ်ဖွဲ့ဝင်များကို လုံခြုံရေးတာဝန်မပေးတော့ဘဲတပ်တွင်းသို့ပြန်လည်ခေါ် ယူထိန်းသိမ်းထားကြောင်းကော့သောင်းမြို့စစ်တပ်အသိုင်းအဝိုင်း နှင့် နီးစပ်သူများထံကသိရသည်။

ကော့သောင်းမြို့နယ်အတွင်းမြန်မာ ထိုင်းနယ်စပ်ဂိတ်တလျှောက် ကင်းစခန်းများတွင်လုံခြုံရေးကင်းစောင့်နေသည့်စကခ၂၀ လက် အောက်ခံ ခမရ ၂၈၈ တပ်ရင်းမှလုံခြုံရေးစစ်သားများကို ၎င်းတို့ပါထွက်ပြေးမည်ကိုစိုးရိမ်နေသဖြင့် အဆိုပါတပ်တွင်းသို့ပြန် လည်ခေါ်ယူထားခြင်းဖြစ် ကြောင်းသိရသည်။

ပြီးခဲ့တဲ့ရက်တွေက စစ်သား ၂၀ ကျော်ထွက်ပြေးတဲ့ကိစ္စနဲ့ပတ် သက်ပြီး တပ်သားတွေကိုမယုံတော့တာ။စစ်သားတွေ ထွက်ပြေးတာတွေက အခုဆိုအတော်များနေပြီ။ ဆက်တိုက်ဆိုသလိုဖြစ်နေတာ။ သူတို့ကို ဂိတ်စောင့်ခိုင်းတော့ လက်နက်အပြည့်စုံပေးထားတယ် ဒါကြောင့်လက်နက်တွေယူပြီးထွက်ပြေးကြမှာဆိုးလို့ ခုဆို ဂိတ်တွေမစောင့်ခိုင်းတော့တာ ဟု ကော့သောင်းမြို့နယ်စစ် တပ်နှင့်နီးစပ်သူတဉီးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ကော့သောင်းမြို့တလျှောက်စစ်တပ်လုံ ခြုံရေးယူထားသည့် ကင်းစခန်းများတွင် စစ် သားများ၏နေရာတွင် မီးသတ်တပ်ဖွဲ့နှင့်ပြည် သူ့စစ်တပ်ဖွဲ့များကအစား ထိုးကင်းစောင့်နေရကြောင်း ဒေသခံများကပြောဆိုသည်။မြန်မာ ထိုင်းနယ်စပ်ကျေး ရွာများဖြစ်တဲ့ရှမ်း ခြောက်ရွာတဝိုက် နယ်မြေတွေမှာ လုံခြုံရေးတာဝန်ချထားတဲ့ခမရ ၂၈၈ တပ်ရင်းက စစ်သားတြွေပန်ရုတ်သွားပြီ။ သူတို့ကိုတစ်ဖက် နိုင်ငံထွက်ပြေးမှာကို သူတို့စိုးရိမ်နေတာ။သူတို့နေရာမှာ ရပ်ရွာမီးသတ်နဲ့ပြည်သူ့စစ်အဖွဲ့ပေါင်းပြီး အ စားထိုးစောင့်ခိုင်းထားတယ်ဟု ကော့သောင်းမြို့ဒေသ ခံတဉီးက ဧရာဝတီတိုင်မ်းကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ရက်ဝန်းကျင်ကကော့သောင်းမြို့နယ် ခမောက်ကြီး အခြေစိုက် စကခ ၂၀ လက် အောက်ခံတပ်ရင်း ၇ ခုမှ စစ်ကောင်စီတပ်သား၂၀ဉီး ကရင်ပြည်နယ်သို့ ရှေ့ တန်းမထွက်ချင်သဖြင့် ခွင့်မဲ့ပြုလုပ်ထွက်ပြေးနေကြောင်းသိရသည်။

ထို့သို့ ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ် သားများကို စစ်ကောင်စီတပ် မှ ဆက်လက်၍ ပိုက်စိပ် တိုက်ရှာဖွေခဲ့ရာ ၂ ယောက်ပြန်လည်ဖမ်းဆီးရမိခဲ့သည်ဟုသိရပြီး ကျန်စစ်ကောင်စီတပ်သားများကို ထိုင်းမြန် မာနယ်စပ် ရှမ်းခြောက်ရွာကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်အေးရိပ်ငြိမ်ရပ်ကွက်နှင့်ရွှေပြည်သာရပ်ကွက်များတွင်ဆက်လက်ရှာဖွေနေကြောင်း ဒေသ ခံများကပြောသည်။

စစ်ကောင်စီတပ်မှကရင်ပြည်နယ်စစ်ဆင်ရေးများတွင် ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် ကရခ လက် အောက်ခံ စကခများဖြင့် ထိုးစစ်ဆင်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များမှထိခိုက်သေဆုံးမှုများနှင့် အရှင်ဖမ်းဆီးခံရမှုများများ ပြားနေ ပြီး ကရင်တပ်ဖွဲ့ များထံလက်နက်နှင့်အတူ အလင်းဝင်ရောက်နေသူများလည်း အ များအပြားရှိကြောင်း သိရသည်။

zawgyi









Credit to all

Be the first to comment

Leave a Reply

Your email address will not be published.


*