စစ်ကောင်စီ၏ လူကယ်ပြန်ဒုဝန်ကြီး မိသားစုအားလုံးကိုဗစ်ဖြစ်နေ

အာဏာသိမ်း စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဒုတိယဝန်ကြီး ဉီးအောင်ထွန်းခိုင်နှင့် မိသားစုဝင်အားလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ၍ကုသမှုခံယူနေကြောင်း ယင်းဌာနမှဝန်ထမ်းအချို့ပြောသည်။

အခု ဒုဝန်ကြီးအိမ်ယာမှာနေတယ်။သူတို့ တစ်အိမ်လုံးကိုဗစ်ကူး စက်ခံထားရတယ်။မနေ့က ဝန်ကြီးဌာနအားလုံးအစည်းအဝေးတောင် မတက်နိုင်ဘူး ဟု လက်ရှိတာဝန်ထမ်းဆောင်နေသည့် အရာရှိတစ်ဉီးကပြောသည်။

စစ်တပ်မှအသွင်ပြောင်းလာသောဉီးအောင်ထွန်းခိုင်သည် ဉီးသိန်း စိန်လက်ထက်က လူကယ်ပြန်ဝန်ကြီးဌာန လူမှုဝန်ထမ်းဉီးစီးဌာတွင် ဒုတိယညွှန့်ကြားရေးမှုးချုပ်ရာထူးတာဝန်ထမ်းခဲ့ပြီးနောက် ကျေးလက်ဉီးစီးဌာနသို့ပြောင်းရွှေ့ခံခဲ့ရသည်။ထို့နောက် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီးစစ်တပ်ကနိုင်ငံတော်အာဏာ သိမ်းပြီးနောက် လူကယ်ပြန်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးပြန်ခန့်ခဲ့သည်။

ဒေါက်တာသက်သက်ခိုင်သည်အဂ်လိပ်ဘာသာစကားမပြောတတ် ခြင်းနှင့် စီမံခန့်ခွဲမှု မကျွမ်းကျင်ခြင်းကြောင့်စစ်ကောင်စီက ဉီးအောင်ထွန်းခိုင်အား ခေါ်ယူကာ ဒုဝန်ကြီးရာထူးပေးအပ်ခဲ့ခြင်းဟု လူကယ်ပြန်ဌာနမှ အရာရှိတစ်ဉီးကပြောသည်။သူကဌာနမှာအကြာကြီးအလုပ်လုပ်ခဲ့တော့ သူသိသူတတ်တယ်။ဝန်ကြီးဒေါ်သက် သက်ခိုင်က ရုပ်သေးအဆင့်ပဲရှိတာ။အဲ့လိုဖြစ်အောင်လည်း စကစက သူ့ဉီးအောင်ထွန်းခိုင်ကိုထည့်ထားတာ။ဝန်ကြီးက ဒုဝန်ကြီးမျက်နှာရိပ်မျက်နှာချေကြည့်အလုပ်လုပ်နေတာ ဟု အထက်ပါအရာရှိကရှင်းပြသည်။

အသက် ၆၅ နှစ်အရွယ် ဉီးအောင်ထွန်းခိုင်အပါအဝင် လူကယ်ပြန်ဝန်ကြီးဌာနမှ ဒုညွှန်ချုပ်နှင့် ညွှန်ချုပ် အမျိုးသားအရာရှိများအားလုံးသည် စစ်တပ်အသွင်ပြောင်းများ ဖြစ်ပြီးဒေါ်သက်သက်ခိုင်အား မျက်နှာလိုမျက်နှာရ လုပ်သည်ကလွဲ၍ ဌာနနှင့်သက် ဆိုင်သော အလုပ်များအပေါ် အာရုံမစိုက်ကြဟု အောက်ခြေဝန် ထမ်းအချို့ကပြောသည်။လူကယ်ပြန် ဒုဝန်ကြီး မိသားစုကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသဖြင့် လူကယ်ပြန် ဝန်ကြီးနှင့် ကျန်ဌာန အရာရှိများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိမရှိကိုမူ မသိ ရှိရသေးပေ။

zawgyi






Credit to all

Be the first to comment

Leave a Reply

Your email address will not be published.


*