ထမင်းစားလို့မဝင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် စားလို့ကောင်းပြီး လုပ်ရလွယ်တဲ့ အာဟာရမုန့်
|ထမင်းစားလို့မဝင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် စားလို့ကောင်းပြီး လုပ်ရလွယ်တဲ့ အာဟာရမုန့်
မိဘတိုင်းက အသက် ၇၀ ကျော်ရင် ထမင်း သိပ်မစားချင်ကြတော့ဘူးလေ။ အဲဒီတော့ အာဟာရ ပြည့်ပြည့်နဲ့ ကောင်းကောင်းလေး စားစေချင်တာ သားသမီးတွေရဲ့ ဆန္ဒပါ။ ထမင်းစားပြီး အချိုတည်းဖို့ ဒီမုန့်လေး လုပ်ကျွေးတော့ ကြိုက်ကြတယ်။ အရသာလည်းရှိ အဟာရလည်းပြည့် လုပ်ရလည်း အရမ်းလွယ်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဂျုံမှုန့် ၅ ဇွန်း၊ ကြက်ဥ ၅ လုံး၊ သကြား ၃ ဇွန်း၊ ဆား နည်းနည်း၊ ဖီးကြမ်း ငှက်ပျောသီး ၄ လုံး၊ ထောပတ်၊ ပျားရည်တို့ပါပဲ ။
လုပ်ဆောင်နည်းကတော့
(၁) ဂျုံ၊ ကြက်ဥ၊ သကြား၊ ဆား၊ ငှက်ပျောသီးတို့ကို ရောပြီး ဖျော်စက်နဲ့ ကျေအောင်ချေပါ။ (ရေမထည့်ရပါ။)
(၂) မုန့်နှစ်ရရင် မကပ်တဲ့ ဒယ်ပြားအိုးထဲ ထောပတ်နည်းနည်း သုတ်ပြီး မုန့်နှစ် ၁ဇွန်းထည့်ပါ။
(၃) အဖုံးအုပ်ပြီး မီး မျှင်းမျှင်းနဲ့ထားပါ။
(၄) ဖောင်းလာပြီး ကျက်ရင်ယူပြီး ပျားရည်သုတ်ပြီး ရပါပြီ။ ထမင်း မစားချင်တဲ့ လူကြီးတွေသာမက ကလေးငယ်များရော၊ နလံထ လူမမာများပါ အကြိုက်တွေ့ပြီး ခံတွင်းလိုက်စေတဲ့ အာဟာရပြည့်ဝတဲ့ မုန့်လုပ်နည်း ဖြစ်ပါတယ်။
ထမင္းစားလို႔မဝင္တဲ့ သက္ႀကီးရြယ္အိုေတြအတြက္ စားလို႔ေကာင္းၿပီး လုပ္ရလြယ္တဲ့ အာဟာရမုန႔္
မိဘတိုင္းက အသက္ ၇၀ ေက်ာ္ရင္ ထမင္း သိပ္မစားခ်င္ၾကေတာ့ဘူးေလ။ အဲဒီေတာ့ အာဟာရ ျပည့္ျပည့္နဲ႔ ေကာင္းေကာင္းေလး စားေစခ်င္တာ သားသမီးေတြရဲ့ ဆႏၵပါ။ ထမင္းစားၿပီး အခ်ိဳတည္းဖို႔ ဒီမုန႔္ေလး လုပ္ေကၽြးေတာ့ ႀကိဳက္ၾကတယ္။ အရသာလည္းရွိ အဟာရလည္းျပည့္ လုပ္ရလည္း အရမ္းလြယ္ပါတယ္။
ပါဝင္ပစၥည္းမ်ားကေတာ့ ဂ်ဳံမႈန႔္ ၅ ဇြန္း၊ ၾကက္ဥ ၅ လုံး၊ သၾကား ၃ ဇြန္း၊ ဆား နည္းနည္း၊ ဖီးၾကမ္း ငွက္ေပ်ာသီး ၄ လုံး၊ ေထာပတ္၊ ပ်ားရည္တို႔ပါပဲ ။
လုပ္ေဆာင္နည္းကေတာ့
(၁) ဂ်ဳံ၊ ၾကက္ဥ၊ သၾကား၊ ဆား၊ ငွက္ေပ်ာသီးတို႔ကို ေရာၿပီး ေဖ်ာ္စက္နဲ႔ ေက်ေအာင္ေခ်ပါ။ (ေရမထည့္ရပါ။)
(၂) မုန႔္ႏွစ္ရရင္ မကပ္တဲ့ ဒယ္ျပားအိုးထဲ ေထာပတ္နည္းနည္း သုတ္ၿပီး မုန႔္ႏွစ္ ၁ဇြန္းထည့္ပါ။
(၃) အဖုံးအုပ္ၿပီး မီး မၽွင္းမၽွင္းနဲ႔ထားပါ။
(၄) ေဖာင္းလာၿပီး က်က္ရင္ယူၿပီး ပ်ားရည္သုတ္ၿပီး ရပါၿပီ။ ထမင္း မစားခ်င္တဲ့ လူႀကီးေတြသာမက ကေလးငယ္မ်ားေရာ၊ နလံထ လူမမာမ်ားပါ အႀကိဳက္ေတြ႕ၿပီး ခံတြင္းလိုက္ေစတဲ့ အာဟာရျပည့္ဝတဲ့ မုန႔္လုပ္နည္း ျဖစ္ပါတယ္။