လှိုင်သာယာတွင် စစ်တပ်တပ်စွဲထာသော အနော်ရထာစက်မှုဇုန်ဝင်းကို ရန်ကုန် PDF ဝင်ပစ်၊
|စစ်သား ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ၊ ထန်းတပင်နှင့် တိုက်ကြီးတို့တွင်လည်း ရန်ကုန် PDF က တိုက်ခိုက်
ရန်ကုန်တိုင်းအတွင်းရှိ ထန်းတပင်မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့တွင် အကြမ်းဖက်
စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော နေရာများကို ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က
ဒီဇင်ဘာလ ၉ ရက်၊ ၁၁ရက်နှင့် ၁၂ရက်တို့တွင် ဖောက်ခွဲတိုက်ခိုက်ခြင်းများ
လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန် PDF တပ်ဖွဲ့ထံမှ သိရသည်။
ထန်းတပင်မြို့နယ် ဒိတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဒီဇင်ဘာလ ၉ ရက်နေ့က
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးယူထားစဉ် ရန်ကုန် PDF တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ဒဂုံဧရာအဝေးပြေး ကားဝင်းရှေ့
အနော်ရထာစက်မှုဇုန်ထိပ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း ဗျူဟာမှူး ရုံးထိုင်သည့် နေရာကို
ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၇နာရီခန့်တွင် ရန်ကုန် PDF တပ်ဖွဲ့ဝင်များက ၄ဝ မမ ဗုံးသီး ၄လုံးဖြင့်
ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ နေရာသို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို
သမကုန်း လမ်းဆုံအနီးတွင် မိုင်း ၄လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၂ဦးသေဆုံးကာ
၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် PDF တပ်ဖွဲ့ထံမှ သိရသည်။
ယင်းနောက် ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇နာရီခန့်တွင် တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက်
အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် လုံခြုံရေး ယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန် PDF
တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၁ဦးသေဆုံးကာ ၁ဦး ပေါင်ပြတ်သွားကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်များ တပ်စွဲထားသော လှိုင်သာယာ အနော်ရထာစက်မှုဇုန်။
credit all
စစ်သား ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ၊ ထန်းတပင်နှင့် တိုက်ကြီးတို့တွင်လည်း ရန်ကုန် PDF က တိုက်ခိုက်