မိမိတို့အနေနဲ့ စကစရဲ့ ရဟတ်ယာဉ်တစ်စီးနဲ့ သံချပ်ကာတစ်စီးကို ဖျက်စီးနိုင်ခဲ့ကြောင်း KNDF ထုတ်ပြန်

ကရင်နီပြည်နယ်အတွင်း ဇန္နဝါရီလ ၈ ရက်နေ့ (ယနေ့) တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တင့်ကားတစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည့် အပြင် ရဟတ်ယာဉ် တစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့ သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောသည်။

ကရင်နီပြည်နယ်အတွင်း ဇန္နဝါရီလ ၈ ရက်နေ့ ( ယနေ့ ) ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်သည့် KNDF ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ထိုသို့ထည့်သွင်းထားသည်။ KNDF က “တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပါသည်။

KNDF မှ တိုက်ပွဲအတွင်း လက်နက် (၁၁) လက် နှင့်လက်နက်ကြီးကျည်နှင့် လင်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့ ပါသည်။ အကြမ်းဖက်စစ်ကောင်စီများဖက်မှ အထိနာသဖြင့် ရဟတ်ယာဥ် နှင့် တိုက်လေယာဥ် နှစ်စင်းတို့ဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

နေ့လည်ခင်း (၁၄း၀၀) နာရီမှစ၍ ညနေ (၁၉း၀၀) နာရီအထိ တိုက်လေ ယာဥ်များနှင့်ရဟတ်ယာဥ်များဖြင့် (၁၀) ကြိမ် လာရောက်ပစ်ခတ်ခဲ့ပါသည်” ဟု ပြောသည်။ စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စင်းကို ယနေ့ည ၈ နာရီအချိန်က ပစ်ချနိုင်ခဲ့သည်ဟု KNDF က ဆက်ပြောသည်။

“ည (၂၀:၀၀) နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ရဟတ်ယာဉ် တစ်စင်း လာရောက်ပစ်ခတ်စဉ် ပစ်ချခံရပြီး လွိုင်ကော်မြို့၊ ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျမီးလောင်ပျက်စီးခဲ့ပါသည်။”ဟု ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ဒီးမော့ဆိုမြို့နယ်၊ (၅) မိုင်၊ (၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ၊ တိုက်ပွဲများပြင်းထန်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ ဗိုလ်အဆင့်ရှိသူ တစ်ဦးအပါအဝင် အနည်းဆုံး အယောက် ၃၀ ဦး ခန့် ကျ ဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းယူရရှိခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။ ယနေ့တိုက်ပွဲအတွင်း KNDF ဖက်မှလည်း တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဖက်မှ တင့်ကား၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များပါဝင်ပြီး အင်အားအလုံးအရင်းနှင့် ကရင်နီပြည် နယ်ရှိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကို တိုက်ခိုက်ခဲ့သော်လည်း အထိနာသဖြင့် (၅) မိုင်၊ (၆) မိုင်၊ ဒေါပိုး စီ မြို့တွင်းသို့ တပ်ဆုတ်သွားသည်ဟု ပြောသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ ပြည်သူများ၏ နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းယူဆောင်သွား သည့် အပြင် နေအိမ် ၁၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်နီပြည်နယ်တွင် မြို့ပြတိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်း ရန်မှ အကာအကွယ်ပေးနိုင်သည့် နေရာနှင့် တိုက်ပွဲဖြစ်နေသည့်နေရာ၊ တိုက်ပွဲဖြစ်နိုင်ခြေများသည့်နေရာ များ တွင် နေထိုင်ကြရန် KNDF ပြည်သူများကို တိုက်တွန်းနှိုးဆော်ထားသည်။

Zawgyi

ကရင္နီျပည္နယ္အတြင္း ဇႏၷဝါရီလ ၈ ရက္ေန႔ (ယေန႔) တြင္ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး တိုက္ပြဲအတြင္း စစ္ေကာင္စီ၏ တင့္ကားတစ္စီးကို မီးရႈိ႕ဖ်က္ဆီးႏိုင္ခဲ့သည့္ အျပင္ ရဟတ္ယာဥ္ တစ္စင္းကိုလည္း ပစ္ခ်ႏိုင္ခဲ့ သည္ဟု ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF က ေျပာသည္။

ကရင္နီျပည္နယ္အတြင္း ဇႏၷဝါရီလ ၈ ရက္ေန႔ ( ယေန႔ ) ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားႏွင့္ ပတ္သက္သည့္ KNDF ၏ သတင္းထုတ္ျပန္ခ်က္ထဲတြင္ ထိုသို႔ထည့္သြင္းထားသည္။ KNDF က “တိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီ၏ တင့္ကားတစ္စီး မီးေလာင္ပ်က္စီးခဲ့ပါသည္။

KNDF မွ တိုက္ပြဲအတြင္း လက္နက္ (၁၁) လက္ ႏွင့္လက္နက္ႀကီးက်ည္ႏွင့္ လင္နက္ငယ္ က်ည္အခ်ိဳ႕ကို သိမ္းဆည္းရမိခဲ့ ပါသည္။ အၾကမ္းဖက္စစ္ေကာင္စီမ်ားဖက္မွ အထိနာသျဖင့္ ရဟတ္ယာဥ္ ႏွင့္ တိုက္ေလယာဥ္ ႏွစ္စင္းတို႔ျဖင့္ ဗုံးက်ဲ၊ ပစ္ခတ္တိုက္ခိုက္ခဲ့ပါသည္။

ေန႔လည္ခင္း (၁၄း၀၀) နာရီမွစ၍ ညေန (၁၉း၀၀) နာရီအထိ တိုက္ေလ ယာဥ္မ်ားႏွင့္ရဟတ္ယာဥ္မ်ားျဖင့္ (၁၀) ႀကိမ္ လာေရာက္ပစ္ခတ္ခဲ့ပါသည္” ဟု ေျပာသည္။ စစ္ေကာင္စီ၏ ရဟတ္ယာဥ္တစ္စင္းကို ယေန႔ည ၈ နာရီအခ်ိန္က ပစ္ခ်ႏိုင္ခဲ့သည္ဟု KNDF က ဆက္ေျပာသည္။

“ည (၂၀:၀၀) နာရီခန႔္တြင္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ရဟတ္ယာဥ္ တစ္စင္း လာေရာက္ပစ္ခတ္စဥ္ ပစ္ခ်ခံရၿပီး လြိဳင္ေကာ္ၿမိဳ႕၊ ေဒါမူကလား ေက်း႐ြာအနီးတြင္ ပ်က္က်မီးေလာင္ပ်က္စီးခဲ့ပါသည္။”ဟု ေျပာသည္။

ယေန႔ တိုက္ပြဲျဖစ္ပြားခဲ့သည့္ ေနရာမ်ားမွာ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ (၅) မိုင္၊ (၆) မိုင္၊ ေဒါပိုးစီမွ၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ မိုင္းလုံးႏွင့္ ပန္ကန္းရပ္ကြက္အထိ၊ တိုက္ပြဲမ်ားျပင္းထန္ခဲ့သည္ဟု သိရသည္။

တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဖက္မွ ဗိုလ္အဆင့္ရွိသူ တစ္ဦးအပါအဝင္ အနည္းဆုံး အေယာက္ ၃၀ ဦး ခန႔္ က် ဆုံးၿပီး လက္နက္ခဲယမ္းမ်ားကိုလည္း သိမ္းယူရရွိခဲ့သည္ဟု KNDF က ထုတ္ျပန္ထားသည္။ ယေန႔တိုက္ပြဲအတြင္း KNDF ဖက္မွလည္း တပ္ဖြဲ႕ဝင္ တစ္ဦးက်ဆုံးခဲ့သည္ဟု သိရသည္။

စစ္ေကာင္စီဖက္မွ တင့္ကား၊ ရဟတ္ယာဥ္၊ တိုက္ေလယာဥ္မ်ားပါဝင္ၿပီး အင္အားအလုံးအရင္းႏွင့္ ကရင္နီျပည္ နယ္ရွိ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္မ်ားကို တိုက္ခိုက္ခဲ့ေသာ္လည္း အထိနာသျဖင့္ (၅) မိုင္၊ (၆) မိုင္၊ ေဒါပိုး စီ ၿမိဳ႕တြင္းသို႔ တပ္ဆုတ္သြားသည္ဟု ေျပာသည္။

တိုက္ပြဲအတြင္းစစ္ေကာင္စီတပ္မွ ျပည္သူမ်ား၏ ေနအိမ္မ်ားမွ ပစၥည္းမ်ားကို ေဖာက္ထြင္းယူေဆာင္သြား သည့္ အျပင္ ေနအိမ္ ၁၀ လုံးကိုလည္း မီးရႈိ႕ဖ်က္ဆီးခဲ့သည္ဟု KNDF ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ကရင္နီျပည္နယ္တြင္ ၿမိဳ႕ျပတိုက္ပြဲမ်ား ပိုမိုျပင္းထန္လာႏိုင္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ေလေၾကာင္း ရန္မွ အကာအကြယ္ေပးႏိုင္သည့္ ေနရာႏွင့္ တိုက္ပြဲျဖစ္ေနသည့္ေနရာ၊ တိုက္ပြဲျဖစ္ႏိုင္ေျခမ်ားသည့္ေနရာ မ်ား တြင္ ေနထိုင္ၾကရန္ KNDF ျပည္သူမ်ားကို တိုက္တြန္းႏႈိးေဆာ္ထားသည္။

Add a Comment

Your email address will not be published.