ဇနီးဖြစ်သူနဲ့ ကွာရှင်းပြတ်စဲပြီး နောက်ပိုင်း ချစ်သူ အသစ်လေး ရရှိနေပြီလို့ သတင်းများ ထွက်ပေါ်နေတဲ့ ကျားပေါက်
ပရိသတ်ကြီးရေ အဆိုတော် ကျားပေါက်ကတော့ တော်လှန်ရေး ကိစ္စတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီအားဖြည့်ပေးနေတဲ့ ဂီတပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူတတ်မြောက်ထားတဲ့
အနုပညာဖြင့် အားထုတ် ကူညီပေးနေတဲ့ ကျားပေါက်ကို ပရိသတ်တွေက လေးစားဂုဏ် ယူနေကြတာ ဖြစ်ပါတယ်။ ကျားပေါက်ဟာ လက်ရှိမှာတော့စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ထားမှုကြောင့်
ဘေးကင်းရာသို့ တိမ်းရှောင်နေရပါတယ်။ မနေ့ကတော့ လူမှုကွန်ရက်စာမျက်နှာတွင် ကျားပေါက်ရဲ့ သတင်းတစ်ခုကြောင့် အရမ်းကို နာမည်ကြီးလျက် ရှိနေပါတယ်။ ဒါကတော့ ဇနီးဖြစ်သူနဲ့ ကွာရှင်းပြီးနောက်
နောက်ထပ် ချစ်ရမယ့် ကောင်မလေး ရသွားပြီဖြစ်ကြောင်း ပုံနှင့်တကွသက်သေပြလိုက်တာ ဖြစ်ပါတယ်။ ကျားပေါက်ရဲ့ အသစ်စက်စက် ချစ်သူလေး ကတော့ အဆိုတော် ဆွိဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်။
ဆွိဝတ်ရည်သောင်းကတော့ သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ညီမအငယ်ဆုံး ဖြစ်ပါတယ်။ သူမဟာ ကျားပေါက်ရှိတဲ့ နေရာသို့ လိုက်သွားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာ ဖြစ်ပါတယ်။
တစ်ချို့ ပရိသတ်တွေကတော့ သူတို့ နှစ်ဦးကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရဲ့ အမြင်ကို လည်းပြောပေးသွားကြပါဦးနော်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*