စကစရဲ့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တဲ့ အဖွဲ့ထဲက KNDF ဒုတပ်ခွဲမှူးနဲ့ ဆက်သွယ်မေးမြန်းတဲ့ ဗီဒီယို

လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်ကို ပစ်ချခဲ့သည့် အဖွဲ့မှ KNDF ဗျူရို (၅) ၏ ဒုတပ်ခွဲမှူးနှင့် ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး) ” စစ်မြေပြင်ကို ကြဲပြီးတော့မှ ပြန်ဝိုက်လာတဲ့အချိန်မှာ ကျွန်တော်တို့က ပစ်ခတ်လိုက်တာ၊

အမှီးပိုင်းကို ထိပြီး လေယာဉ်က မီးခိုးတွေမွှန်ပြီးတော့ ဝေးဝေးကို ပြန်သွားတယ်၊ အဲ့အချိန်ထိ ပျက်ကျတယ်ဆိုတာ မသိသေးဘူး” ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်

ပူးပေါင်းအဖွဲ့တို့ ယမန်နေ့ ဇန်နဝါရီလ ၈ရက်တွင် တစ်နေ့ လုံးနီးပါး တိုက်ပွဲဖြစ်ပွါးခဲ့သည်။ ထိုတိူက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ အထိနာသဖြင့် ရဟတ်ယာဉ်၊ တိုက်လေယာဉ် နှစ်စင်းတို့ဖြင့် ၁၀ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး

စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စင်းလာရောက်ပစ်ခတ်စဉ် ပစ်ချခံရပြီး လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျကာ မီးလောင်ပျက်စီးခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်ကို ပစ်ချခဲ့သည့် အဖွဲ့မှ KNDF ဗျူရို (၅) ၏ ဒုတပ်ခွဲမှူးတစ်ဦးကို ယမန်နေ့ ညပိုင်းတွင် ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်သည်။

Zawgyi

လြိဳင္ေကာ္တိုက္ပြဲတြင္ စစ္ေကာင္စီတပ္၏ ရဟတ္ယာဥ္ကို ပစ္ခ်ခဲ့သည့္ အဖြဲ႕မွ KNDF ဗ်ဴ႐ို (၅) ၏ ဒုတပ္ခြဲမႉးႏွင့္ ဆက္သြယ္ေမးျမန္းခ်က္ (အင္တာဗ်ဴး) ” စစ္ေျမျပင္ကို ႀကဲၿပီးေတာ့မွ ျပန္ဝိုက္လာတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က ပစ္ခတ္လိုက္တာ၊

အမွီးပိုင္းကို ထိၿပီး ေလယာဥ္က မီးခိုးေတြမႊန္ၿပီးေတာ့ ေဝးေဝးကို ျပန္သြားတယ္၊ အဲ့အခ်ိန္ထိ ပ်က္က်တယ္ဆိုတာ မသိေသးဘူး” ကရင္နီျပည္နယ္ ဒီေမာ့ဆိုၿမိဳ႕နယ္ႏွင့္ လြိဳင္ေကာ္ၿမိဳ႕နယ္တို႔တြင္ စစ္ေကာင္စီတပ္ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္

ပူးေပါင္းအဖြဲ႕တို႔ ယမန္ေန႔ ဇန္နဝါရီလ ၈ရက္တြင္ တစ္ေန႔ လုံးနီးပါး တိုက္ပြဲျဖစ္ပြါးခဲ့သည္။ ထိုတိူက္ပြဲတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားဘက္မွ အထိနာသျဖင့္ ရဟတ္ယာဥ္၊ တိုက္ေလယာဥ္ ႏွစ္စင္းတို႔ျဖင့္ ၁၀ ႀကိမ္ လာေရာက္ပစ္ခတ္ခဲ့ၿပီး

စစ္ေကာင္စီ၏ ရဟတ္ယာဥ္တစ္စင္းလာေရာက္ပစ္ခတ္စဥ္ ပစ္ခ်ခံရၿပီး လြိဳင္ေကာ္ၿမိဳ႕၊ေဒါမူကလား ေက်း႐ြာအနီးတြင္ ပ်က္က်ကာ မီးေလာင္ပ်က္စီးခဲ့သည္ဟု ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF က သတင္းထုတ္ျပန္ထားသည္။

စစ္ေကာင္စီတပ္၏ ရဟတ္ယာဥ္ကို ပစ္ခ်ခဲ့သည့္ အဖြဲ႕မွ KNDF ဗ်ဴ႐ို (၅) ၏ ဒုတပ္ခြဲမႉးတစ္ဦးကို ယမန္ေန႔ ညပိုင္းတြင္ ဆက္သြယ္ေမးျမန္းထားျခင္း ျဖစ္သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*