အသက် (၅၀) အရွယ်လို့မထင်ရလောက်အောင် နုပျိုပျော့ပျောင်းလွန်းတဲ့ သူမရဲ့ခန္ဓာကိုယ်အလှကို ပြသလာတဲ့ ခိုင်သင်းကြည်

မင်းသမီးချော ခိုင်သင်းကြည် ကတော့ လွန်ခဲ့တဲ့ (၂၅) နှစ်ပတ်ဝန်းကျင် ကတည်းက ပြက္ခဒိန်ကြော်ငြာတွေမှာ နေရာယူထား နိုင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်ရင်လည်း အကယ်ဒမီဆုကြီးတွေကို လက်ဝယ်ပိုင်ဆိုင်ထားသလို သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ဟာ သူမရဲ့ဘဝမှာ အပူအပင်ဆိုပြီးမရှိလောက်အောင် နည်းပါးသူတစ်ယောက်ဖြစ်ပါတယ်။

စိတ်ပျိုလို့ကိုယ်နုတယ်ဆိုတဲ့ စကားအတိုင်း အသက် လေးဆယ်ကျော်လို့ ငါးဆယ်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ ခိုင်သင်းကြည်ဟာ လူငယ်တွေတောင်လိုက်လို့မမှီအောင် နုပျိုလှပသူတစ်ယောက်ပါ။ ဒီကနေ့မှာလည်း ခိုင်သင်းကြည်က ယောဂကျင့်နေတဲ့ဓာတ်ပုံတွေကို ပြသရင်း သူမရဲ့ ခန္ဓာကိုယ်ပျော့ပျောင်းပုံကို ပရိသတ်တွေအတွက် ဝေမျှပေးလာခဲ့ပါတယ်။

(၁၉၇၁) ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ခိုင်သင်းကြည်ဟာ အခုဆိုရင် အသက် (၅၀) အရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် သူမရဲ့ခန္ဓာကိုယ်ကို ကျစ်လျစ်လှပပြီး တင်းရင်းနေအောင် ထိန်းသိမ်းထားနိုင်တာ လေးစားစရာပါပဲနော်။ ပရိသတ်ကြီးလည်း အလှဘုရင်မ ခိုင်သင်းကြည်ရဲ့ပုံရိပ်တွေကိုကြည့်ပြီး အံ့သြမင်သက်နေကြပြီလို့ ထင်ပါတယ်။

Source: KHINE THIN KYI’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အသက် (၅၀) လို့မထင်ရလောက်အောင် နုပျိုပျော့ပျောင်းလွန်းတဲ့ သူမရဲ့ခန္ဓာကိုယ်အလှကို ပြသလာတဲ့ ခိုင်သင်းကြည်

မင်းသမီးချော ခိုင်သင်းကြည် ကတော့ လွန်ခဲ့တဲ့ (၂၅) နှစ်ပတ်ဝန်းကျင် ကတည်းက ပြက္ခဒိန်ကြော်ငြာတွေမှာ နေရာယူထား နိုင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်ရင်လည်း အကယ်ဒမီဆုကြီးတွေကို လက်ဝယ်ပိုင်ဆိုင်ထားသလို သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ဟာ သူမရဲ့ဘဝမှာ အပူအပင်ဆိုပြီးမရှိလောက်အောင် နည်းပါးသူတစ်ယောက်ဖြစ်ပါတယ်။

စိတ်ပျိုလို့ကိုယ်နုတယ်ဆိုတဲ့ စကားအတိုင်း အသက် လေးဆယ်ကျော်လို့ ငါးဆယ်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ ခိုင်သင်းကြည်ဟာ လူငယ်တွေတောင်လိုက်လို့မမှီအောင် နုပျိုလှပသူတစ်ယောက်ပါ။ ဒီကနေ့မှာလည်း ခိုင်သင်းကြည်က ယောဂကျင့်နေတဲ့ဓာတ်ပုံတွေကို ပြသရင်း သူမရဲ့ ခန္ဓာကိုယ်ပျော့ပျောင်းပုံကို ပရိသတ်တွေအတွက် ဝေမျှပေးလာခဲ့ပါတယ်။

(၁၉၇၁) ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ခိုင်သင်းကြည်ဟာ အခုဆိုရင် အသက် (၅၀) အရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် သူမရဲ့ခန္ဓာကိုယ်ကို ကျစ်လျစ်လှပပြီး တင်းရင်းနေအောင် ထိန်းသိမ်းထားနိုင်တာ လေးစားစရာပါပဲနော်။ ပရိသတ်ကြီးလည်း အလှဘုရင်မ ခိုင်သင်းကြည်ရဲ့ပုံရိပ်တွေကိုကြည့်ပြီး အံ့သြမင်သက်နေကြပြီလို့ ထင်ပါတယ်။

Source: KHINE THIN KYI’s fb

Add a Comment

Your email address will not be published.