ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးရုံတက်ပြီး ခွဲစိတ်မှုခံယူရမယ်ဆိုတဲ့ ငှက်ပျောကြော်

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ဟာသလူရွှင်တော်တစ်ယောက်လည်းဖြစ်တဲ့ ငှက်ပျောကြော်ကိုတော့ လူကြီး၊ လူငယ်ပရိသတ်မရွေး ကြိုက်နှစ်သက်အားပေးပြီးသားဖြစ်မှာပါ။ ငှက်ပျောကြော်က အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိလို့နေပြီဖြစ်ပြီး အနုပညာအလုပ်တွေကို နည်းနည်းနဲ့ ပုံမှန်အတိုင်း သင့်တင့်မျှတစွာ လုပ်ကိုင်နေသူ သရုပ်ဆောင်ကြီးတစ်ယောက်လည်းဖြစ်ပါတယ်။

အသက်အရွယ်တစ်ခုရောက်ရှိနေပြီဖြစ်တဲ့ ငှက်ပျောကြော်ဟာ လတ်တလောမှာတော့ ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးရုံတက်ပြီး ခွဲစိတ်မှုခံယူရမယ်ဆိုပြီး သူ့ရဲ့ ဇနီးသည်ဖြစ်သူ နေခြည်(တားရော့) က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။ ငှက်ပျောကြော်ရဲ့ အမျိုးသမီးက “Booking ယူထားတဲ့ ရက်တွေကို ခန ရပ် ပြီးတော့ ၁ ပတ်လောက် အလုပ်နားပါ့မယ်နော်။ ဒီရက်ထဲ အရေးပေါ် ဆေးရုံတက်ရမှာမို့ပါ။ ခွဲစိတ်ခံရမှာတော့ ကျွန်မ မဟုတ်ပါဘူး။ အိမ်ကယောကျာ်းပါ ။ ဆရာဝန်ကတော့ အသေးစား ခွဲစိတ်မှုလို့ ပြောတာပါပဲ ။” ဆိုပြီး သူမရဲ့ တားရော့ဗေဒင်အတွက် Booking ယူထားတဲ့ ဧည့်သည်တွေကို တောင်းပန်ရင်း ငှက်ပျောကြော်ရဲ့ ကျန်းမာရေးအခြေအနေကို ပြောလာတာပဲဖြစ်ပါတယ်။

ငှက်ပျောကြော်ကတော့ ကျန်းမာရေးအခြေအနေအရ အရေးပေါ်ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှုခံယူရမယ်ဆိုပေမယ့် စိုးရိမ်ပူပန်စရာမလိုတဲ့ အသေးစားခွဲစိတ်မှုပဲဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်ကြီးကလည်း ငှက်ပျောကြော်တစ်ယောက် ခွဲစိတ်မှုမှာ အစစအရာရာ အဆင်ပြေချောမွေ့ပြီး အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Source: နေခြည် ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.