စစ်ရှောင်လာတဲ့ပြည်သူများကို အနီးအနားမြို့ရွာတွေနဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးလိုမြို့ကြီးတွေက ကူညီစေချင်တယ်ဆိုတဲ့ ချမ်းမင်းရဲထွဋ်

မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချမ်းမင်းရဲထွဋ်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ နှင်းဆီခိုင်လို့ဆိုရလောက်အောင် သည်းသည်းလှုပ်အားပေးခံရသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်အချစ်ခံအနုပညာရှင်တစ်ယောက်ဖြစ်သလို လက်ရှိနွေဦးတော်လှန်ရေးမှာလည်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ ချမ်းမင်းရဲထွဋ်ဟာ ဒီကနေ့မှာလည်း စစ်ရှောင်လာတဲ့ပြည်သူများကို လှိုက်လှဲစွာကူညီပေးစေချင်ကြောင်း အခုလိုပဲပြောလာပါတယ်။

“စစ်ရှောင်လာကြတဲ့ ပြည်သူများကို အနီးအနား မြို့၊ရွာ၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးများအပြင် ကျန်တဲ့ တတ်နိုင်တဲ့နေရာက ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ကူညီပေးစေချင်ပါတယ်။ ဘယ်မြို့ ဘယ်ရွာကနေပဲ ဖြစ်ဖြစ် စစ်ရှောင်ကြတဲ့အခါ အခုအခါမဟုတ်သော်မှ အချိန်မရွေးဖြစ်နိုင်ပါတယ်။ တပြည်သားထဲ တစ်သားတည်း ဂရုဏာထား ကြည့်ရှုကြရမှာပါ။ ငှားနေကြဖို့ကို ၆လ စာချုပ် ချုပ်မှတို့၊ ၁နှစ်စာချုပ်ချုပ်မှ တို့၊ တစ်ခါတည်း ၆လစာ၊ ၁နှစ်စာ ပေးမှတို့ကတော့စစ်ပြေးရတဲ့ ပြည်သူတွေအတွက် အင်မတန် ခက်ခဲစေပါတယ်။ အိုးအိမ်ခွဲခွါလာကြရသူများအနေနဲ့ ပြင်ဆင်လာတဲ့ခရီး မဟုတ်တာကြောင့်ငွေကြေး အတိုင်းအတာတစ်ခုမှသည် ပိုလျှံလာတဲ့ ခရီး မဟုတ်ပါဘူး။ မြို့က ခွါဖို့အရေးတောင် အခက်အခဲပေါင်းစုံနဲ့ ထွက်ပြေး တိမ်းရှောင်လာရတာပါ။ ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရား ရှေ့ထားပြီး ကူညီပေးစေချင်ပါတယ်။ ” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ချမ်းမင်းရဲထွဋ်ကတော့ စစ်ရှောင်လာတဲ့ပြည်သူများကို အနီးအနားမြို့ရွာတွေနဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးလိုမြို့ကြီးတွေက ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရား ရှေ့ထားပြီး ကူညီပေးစေချင်လိုကြောင်း ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Cham Min Ye Htut’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.