ဘဝထဲကထွက်ခွာသွားတာ တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်တဲ့ မေမေ့အတွက်ရည်စူးပြီး ကုသိုလ်ပြုပေးခဲ့တဲ့ ဈူးဈူးဈာန်

သရုပ်ဆောင် ဈူးဈူးဈာန်ကတော့ MRTV 4 ရုပ်သံလိုင်းရဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ်သာမက ထိုင်းနောက်ခံစကားပြောဇာတ်လမ်းတွဲတွေမှာပါ အသံသရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဈူးဈူးဈာန်က ပြီးခဲ့တဲ့လပိုင်းကပဲ သူမရဲ့မိခင်ကြီးကိုဆုံးရှုံးလိုက်ရတာမို့ တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းနေခဲ့ရတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဈူးဈူးဈာန်က သူမရဲ့မိခင်ကြီးကွယ်လွန်ခြင်း (၁) လပြည့်နေ့အတွက် ရည်စူးပြီး ကုသိုလ်တွေပြုလုပ်ခဲ့ကာ မေမေ့ကိုသတိရကြောင်း “အချိန်တွေကုန်တာမြန်လွန်းတယ်မေ …မေထွက်သွားတာတလပြည့်ပီနော်…ခုချိန်ထိမနေ့တနေ့ကလိုပဲ…အမြဲတမ်းမေ့အတွက်ကုသိုလ်တွေလုပ်ပေးတယ် ..အမျှတွေပေးတယ် ..မေရောက်ရာဘုံဘဝကနေသာဓုခေါ်နိုင်ပါစေ…အများကြီးမပြောတော့ဘူး..အရမ်းအရမ်းချစ်တယ် …နော် 🥰” ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။

ဈူးဈူးဈာန်ကတော့ ဘဝထဲကထွက်ခွာသွားတာ တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်တဲ့ မေမေ့အတွက်ရည်စူးပြီး ကုသိုလ်ပြုပေးခဲ့သလို ဈူးဈူးဈာန်ရဲ့မေမေလည်း ကောင်းမွန်တဲ့နေရာတစ်ခုကနေ သမီးဖြစ်သူပြုပေးသမျှ ကုသိုလ်တွေကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနေမှာ သေချာပါတယ်။

Source: Zu Zu Zan’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.