မေမေကသမီးထက်ပိုလှတယ်ဆိုတဲ့စကားကို ငြင်းဖွယ်ရာမရှိလက်ခံပါတယ်ဆိုတဲ့ စံထိပ်ထားဦး

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့ စကားအတိုင်း အသက်ငါးဆယ်နီးပါးတိုင် လူငယ်လေးတစ်ယောက်လို နုပျိုနေဆဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး မိသားစုရေးမှာလည်း စိတ်ချမ်းသာမှုအပြည့်ရရှိထားတဲ့ ခိုင်သင်းကြည်က တစ်ဦးတည်းသောသမီးလေးတစ်ယောက်တည်းကိုသာ မွေးဖွားထားတာ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးကလည်း မေမေ့ရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိထားပြီး ကြော်ငြာတွေကို ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနေတာပဲဖြစ်ပါတယ်။

ခိုင်သင်းကြည်ကလည်း အပျိုအရွယ်သမီးလေးတစ်ယောက်ရှိပေမယ့် သမီးဖြစ်သူနဲ့အပြိုင် နုပျိုလှပသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခိုင်သင်းကြည်က သူမရဲ့ နုပျိုသွယ်လျလွန်းတဲ့ဓာတ်ပုံကို ပရိသတ်တွေဆီမျှဝေလာခဲ့တာ ပရိသတ်တွေကသဘောကျခဲ့ကြသလို ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးကလည်း “သူငယ်ချင်းတွေက မင်းအမေက မင်းထက်ပိုဟော့တယ်လို့ ပြောကြတယ်။ ဟုတ်ပါတယ် အဲ့ဒီအချက်ကို ငါလက်မခံပဲနေလို့မရပါဘူး။ အမေက အမိုက်ဆုံးပဲ” ဆိုပြီး ပြောခဲ့ပါတယ်။

ခိုင်သင်းကြည်ကလည်း သူမရဲ့အရွယ်အရ အံ့သြစရာကောင်းလောက်အောင် နုပျိုလှပသလို ထိပ်ထိပ်လေးကလည်း ဆယ်ကျော်သက်လေးတစ်ယောက်ပီပီ အရမ်းချစ်စရာကောင်းတယ်ဆိုတာကိုတော့ ငြင်းဖွယ်ရာမရှိပါဘူးနော်။

Source: San Htate Htar Oo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*