သူ့နာမည်ထိုးထားတဲ့ ဘတ်ထရီအိုးက သုံးလုံးဂဏန်းလေးကို သဘောကျနေတဲ့ မင်းမော်ကွန်း

သူ့နာမည်ထိုးထားတဲ့ ဘတ်ထရီအိုးက သုံးလုံးဂဏန်းလေးကို သဘောကျနေတဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစ်ခုထဲက ပရိသတ်တွေကြားမှာ နာမည်ကြီးကျော်ကြားလာခဲ့တဲ့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတစ်လက်ထဲမှာ အပါအဝင်ဖြစ်ပါတဲ့

မင်းသားချောတစ်လက်ဖြစ်ပါတယ်။ ဒါအပြင် အရွယ်တင်နုပျိုလွန်းတာကြောင့် ပရိသတ်တွေအားလုံးက ချစ်ခင်စွာနဲ့ ” ကိုကြာနု” လို့ တင်စားခေါ်ကြပါသေးတယ်။ ကိုကျော် ဟာ ရုပ်ရှင်ကားတွေမှာ

အကောင်းမွန်ဆုံး နဲ့အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားပါတယ်။ အနုပညာလုပ်ငန်းတွေမှာ ဘက်စုံတော်တဲ့ မင်းမော်ကွန်းကတော့

သီချင်းတွေကို သီဆိုထားပြီး လူရွှင်တော်အဖြစ်လဲ အောင်မြင်ခဲ့ပါသေးတယ်။ မကြာသေးခင်နာရီပိုင်းလောက်က မင်းမော်ကွန်း ကတော့ တစ်စုံတစ်ခုကို သဘောကျတဲ့အကြောင်းလေးတစ်ခုကို

ပရိသတ်တွေကို ပြန်လည်မျှဝေလာပါတယ်။ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ ‌ရောက်ရှိနေတဲ့ မင်းသား မင်းမော်ကွန်း ကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြက်ရှိနေပြီး

သူ့ရဲ့လှုပ်ရှားမှု့တွေကို လူမှု့ကွန်ယက်မှာ အသိပေးနေကျဖြစ်ပါတယ်။ ပရိသတ်တွေချစ်ခင်ရတဲ့ ကိုကျော် ကတော့ ဒီကနေ့မှာ သူ့ရဲ့ဘတ်ထရီအိုးပေါ်က ဂဏန်းလေးတစ်ခုနဲ့ပတ်သတ်ပြီး သဘောကျနေတယ်ဆိုတဲ့

အကြောင်းကို ” ဘက်ထရီအိုးကိုနာမယ်ထိုးရလောက်အောင်အထိ ဒီဘက်ကသူတွေဥစ္စာမခြောက်ကြဘူးကွ ဘာပဲဖြစ်ဖြစ်ချဲတော့ထိုးဦးမှ Edit သရော်ခြင်းသာဖြစ်ပါတယ် ကျွန် အားလုံးဝိုင်းထိုးရင်ပလုံမှာစိုးလို့ပါ

တင်တဲ့ကောင်ကဒိုင်ဖြစ်လောက်တယ် ” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးနဲ့အတူ ရေးသားထားတာကိုတွေ့ရပါတယ်။ မင်းမော်ကွန်း ရဲ့ နာမည်လေးနဲ့အတူ ” ၅၄၃” ဆိုတဲ့ ဂဏန်းနံပါတ်လေးပါရှိတဲ့

ပုံလေးကိုပရိသတ်တွေက သဘောကျနေကြတာလဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်း ကတော့ တစ်သက်လုံးချဲမထိုးဘူးပါဖူးတဲ့နော်…။ ချစ်တဲ့ပရိသတ်တွေကို ပျော်ရွှင်စေချင်လို့ စနောက်ရေးသားထားရုံ

သာဖြစ်ပါတယ်။ မင်းမော်ကွန်း ကိုချစ်တဲ့ ပရိသတ်တွေအတွက် သတင်းလေးကို ပြန်လည်ရေးသားတင်ဆက်ပေးလိုက်ပါတယ်။ သာယာပျော်ရွှင်ဖွယ်ရာနေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Cele Only မှ ဆုတောင်းပေးလိုက်ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*