စကစကိုဆော်ချင်လို့ ၁၀ မိုင်ကျော်လမ်းလျှောက်ပြီး ၁၂ နှစ်သားနဲ့ PDF ထဲဝင်လာတဲ့ကလေး

စစ်တပ်ကို အသေနှံမယ်ဆိုတဲ့စိတ်ဓါတ်နဲ့ ကွင်းခေါင်ခေါင်ကြီးကိုဖြတ် မိုင်ဆယ်ချီဝေးတဲ့ခရီးကို တစ်ယောက်တည်း ချီတက်လာရင်း PDF တပ်ရင်းဆီရောက်ခဲ့တဲ့ ၁၂ နှစ်သား။

သူ့စိတ်ကျေနပ်ရုံ သေနတ် တစ်ချက်နှစ်ချက် ပေးပစ်ဘယ်ညာ ခြေလျှောက် သတိ သက်သာ စစ်ရေးလိုက်နာစရာတချို့ က လေးနဲ့တန်ရုံ ပြောပြနားချငယ်သေးတာမို့ မိဘတွေဆီ ပြန်ပို့ခဲ့ပါပြီ။

အိမ်အပြန်ခရီးမှာ တပ်ဖွဲ့တစ်ခုလုံးက ဂုဏ်ယူစွာနဲ့ သူ့ကိုအလေး ပြုနှုတ်ဆက်တော့ ငိုတမဲ့မဲ့ မျက်ရည်မကျတကျ လက်သုံးချောင်းထောင်ပြရင်း တပ်မိန့်ကို နာခံရှာတယ်။

zawgyi




Be the first to comment

Leave a Reply

Your email address will not be published.


*