ဗန်းမော်မြို့တွင်းရှိ CDM ဆရာ/ဆရာမများအား စကစတပ်မှ လိုက်လံ ဖမ်းဆီးနေ ဆရာမတစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းရှိ CDM ပြုလုပ်ထားသည့် ဆရာ/ဆရာမ များအား စစ်ကောင်စီတပ်မှလိုက်လံဖမ်းဆီးနေပြီး ဆရာမတစ်ဦး ဖမ်းခံသွားရကြောင်း ဒေသခံများမှ သိရသည်။

“စစ်ကျွန်ပညာရေးစနစ်ကြီးကို မကြိုက်လို့ CDM လုပ်ထားတဲ့ ဆရာ/ ဆရာမတွေကို လိုက်ဖမ်းနေတာ တစ်ပတ်ကျော်ရှိလာပြီ နေ့တိုင်းလိုလို ရပ်ကွက်တစ်ခုမဟုတ် တစ်ခု တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်စစ်‌ပြီး ဖမ်းနေတာ ရွှေကျီးနား ရပ်ကွက်က ဆရာမတစ်ယောက်ဖမ်းခံသွားရတယ်” ဟု အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ ဖမ်းဆီးခံသွားရသည့် ဆရာမသည် အ.မ.က မလူလာကျောင်းမှ CDMဆရာမပြုလုပ်ထားပြီး ရွှေကျီးနားရပ်ကွက်နေသည့် ဆရာမ အိလင်းခိုင်ဆိုသူဖြစ်ကြောင်း သိရသည်။

ဆရာမ အိလင်းခိုင်သည် ဇန်နဝါရီလ ၇ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဇန်နဝါရီလ ၉ရက်နေ့တွင် ဆရာမတစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း ဒေသခံအချို့ ပြောဆိုနေမူအပေါ် KNG သတင်းဌာနမှ ဆက်စုံစမ်းနေဆဲဖြစ်သည်။

ထို့ပြင် အတည်မပြုနိုင်သေးသည့် သတင်းများအရ လက်ရှိ ဗန်းမော်မြို့အတွင်း CDM ပြုလုပ်ထားသူများ၊ PDF နှင့် ဆက်စပ်သူများအား လူဦးရေ အကန့်သတ်မရှိ ရက်အကန့်အသတ်မရှိ ရှာဖွေဖမ်းဆီးသွားမည်ဟုလည်း ဒေသခံများကပြောသည်။

“ခုအခြေနေကိုကြည့်ရင် ဖမ်းဆီးမူကတော့ ရှေ့ဆက်ဒီထက်တောင် ပိုဆိုးလာနိုင်တယ် ဖြစ်နိုင်ရင်တော့ လုံခြုံတဲ့နေရာရှောင်နေသင့်တယ် ကျနော်တို့ကြားရတဲ့ သတင်းအရ သူတို့မှာ စာရင်းအတိအကျ ကောက်ထားပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်ကို လိုက်စစ်နေတာလို့ ပြောတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်နေ့ ဆန္ဒပြရာတွင်ပါဝင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၃၁၆ ဦးအား လွှတ်ပေးခဲ့သော်လည်း တစ်ဖက်တွင် လူငယ်များအား ဆက်လက်ဖမ်းဆီး သတ်ဖြတ်နေဆဲဖြစ်သည်။

Zawgyi

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕အတြင္းရွိ CDM ျပဳလုပ္ထားသည့္ ဆရာ/ဆရာမ မ်ားအား စစ္ေကာင္စီတပ္မွလိုက္လံဖမ္းဆီးေနၿပီး ဆရာမတစ္ဦး ဖမ္းခံသြားရေၾကာင္း ေဒသခံမ်ားမွ သိရသည္။

“စစ္ကြၽန္ပညာေရးစနစ္ႀကီးကို မႀကိဳက္လို႔ CDM လုပ္ထားတဲ့ ဆရာ/ ဆရာမေတြကို လိုက္ဖမ္းေနတာ တစ္ပတ္ေက်ာ္ရွိလာၿပီ ေန႔တိုင္းလိုလို ရပ္ကြက္တစ္ခုမဟုတ္ တစ္ခု တစ္အိမ္ဝင္တစ္အိမ္ထြက္ လိုက္စစ္‌ၿပီး ဖမ္းေနတာ ေ႐ႊက်ီးနား ရပ္ကြက္က ဆရာမတစ္ေယာက္ဖမ္းခံသြားရတယ္” ဟု အမည္မေဖာ္လို ေဒသခံတစ္ဦးကေျပာသည္။

လက္ရွိ ဖမ္းဆီးခံသြားရသည့္ ဆရာမသည္ အ.မ.က မလူလာေက်ာင္းမွ CDMဆရာမျပဳလုပ္ထားၿပီး ေ႐ႊက်ီးနားရပ္ကြက္ေနသည့္ ဆရာမ အိလင္းခိုင္ဆိုသူျဖစ္ေၾကာင္း သိရသည္။

ဆရာမ အိလင္းခိုင္သည္ ဇန္နဝါရီလ ၇ရက္ေန႔တြင္ ဖမ္းဆီးခံရျခင္းျဖစ္ၿပီး ဇန္နဝါရီလ ၉ရက္ေန႔တြင္ ဆရာမတစ္ဦး ထပ္မံဖမ္းဆီးခံရေၾကာင္း ေဒသခံအခ်ိဳ႕ ေျပာဆိုေနမူအေပၚ KNG သတင္းဌာနမွ ဆက္စုံစမ္းေနဆဲျဖစ္သည္။

ထို႔ျပင္ အတည္မျပဳႏိုင္ေသးသည့္ သတင္းမ်ားအရ လက္ရွိ ဗန္းေမာ္ၿမိဳ႕အတြင္း CDM ျပဳလုပ္ထားသူမ်ား၊ PDF ႏွင့္ ဆက္စပ္သူမ်ားအား လူဦးေရ အကန႔္သတ္မရွိ ရက္အကန႔္အသတ္မရွိ ရွာေဖြဖမ္းဆီးသြားမည္ဟုလည္း ေဒသခံမ်ားကေျပာသည္။

“ခုအေျခေနကိုၾကည့္ရင္ ဖမ္းဆီးမူကေတာ့ ေရွ႕ဆက္ဒီထက္ေတာင္ ပိုဆိုးလာႏိုင္တယ္ ျဖစ္ႏိုင္ရင္ေတာ့ လုံၿခဳံတဲ့ေနရာေရွာင္ေနသင့္တယ္ က်ေနာ္တို႔ၾကားရတဲ့ သတင္းအရ သူတို႔မွာ စာရင္းအတိအက် ေကာက္ထားၿပီး တစ္အိမ္ဝင္တစ္အိမ္ထြက္ကို လိုက္စစ္ေနတာလို႔ ေျပာတယ္” လို႔ ေဒသခံတစ္ဦးကေျပာသည္။

စစ္ေကာင္စီတပ္သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၈ရက္ေန႔ ဆႏၵျပရာတြင္ပါဝင္ခဲ့ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မတရားဖမ္းဆီးခံထားရသည့္ အက်ဥ္းသား တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၁၃၁၆ ဦးအား လႊတ္ေပးခဲ့ေသာ္လည္း တစ္ဖက္တြင္ လူငယ္မ်ားအား ဆက္လက္ဖမ္းဆီး သတ္ျဖတ္ေနဆဲျဖစ္သည္။

Add a Comment

Your email address will not be published.