ခွဲစိတ်ကုသမှုအပြီး ငှက်ပျောကြော်ရဲ့ ကျန်းမာရေးအခြေအနေကိုပြောပြလာခဲ့တဲ့ ဇနီးဖြစ်သူ နေခြည်

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ဟာသလူရွှင်တော်တစ်ယောက်လည်းဖြစ်တဲ့ ငှက်ပျောကြော်ကတော့ ပရိသတ်တွေအားလုံးချစ်ပြီးသား ဝါရင့်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ငှက်ပျောကြော်ဟာ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဖြစ်တဲ့အတွက် ဇာတ်ကားရိုက်ကူးခြင်းတွေနည်းပါးသွားခဲ့ပြီး ဘဝကို အေးအေးဆေးဆေးသာဖြတ်သန်းနေထိုင်နေတာပဲဖြစ်ပါတယ်။

ပရိသတ်တွေချစ်ကြတဲ့ လူရွှင်တော်ကြီးငှက်ပျောကြော်ဟာ မနေ့က ဇန်နဝါရီလ (၈) ရက်နေ့မှာတော့ ကျန်းမာရေးအခြေအနေကြောင့် အသေးစားခွဲစိတ်ကုသမှုကိုခံယူခဲ့ရပါတယ်။ ခွဲစိတ်ကုသပြီး ငှက်ပျောကြော်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမျိုးသမီးက “ဦးငှက် ခွဲခန်းထဲ တစ်နာရီခွဲကြာခဲ့ပေမဲ့ ခွဲစိတ်မှု အောင်မြင်ပါတယ် ။ ကြောက်နေလို့လားတော့မသိဘူး နှလုံးခုန်နှုန်း ကတော့ တစ် ချက် တစ်ချက် နှေးနှေးသွားတယ် …” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးခဲ့ပါတယ်။

ငှက်ပျောကြော်ကတော့ ဘယ်လိုကျန်းမာရေးကိစ္စကြောင့် ခွဲစိတ်ကုသခဲ့ရလည်းဆိုတာ မသိပေမယ့် ခွဲစိတ်မှုကတော့ အောင်မြင်ပြီး ငှက်ပျောကြော်ရဲ့ ကျန်းမာရေးအခြေအနေကလည်း စိုးရိမ်စရာမရှိဘူးဆိုတာ ဝမ်းသာစရာပါပဲနော်။

Source: NgaPyaw Gyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.