Macrame’ မဲတွေကို ပြည်သူတွေ တဟုန်ထိုးအားပေးမှုကြောင့် နှစ်ရက်အတွင်း မဲလက်မှတ်ရောင်းချငွေ သိန်း(၃၀၀) ကျော်ရရှိခဲ့တယ်ဆိုတဲ့ ချစ်သုဝေ
|အဆိုတော်၊ သရုပ်ဆောင်ချစ်သုဝေကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ သူမတတ်နိုင်တဲ့အင်အားနဲ့ တက်ကြွစွာပါဝင်လှုပ်ရှားရင်း စစ်အာဏာရှင်လူတစ်စုကို တော်လှန်နေတာပဲဖြစ်ပါတယ်။ ချစ်သုဝေဟာ သူမကိုယ်တိုင်လက်နဲ့ဖန်တီးထားတဲ့ Macrame လေးတွေကိုလည်း မဲလက်မှတ်နဲ့ရောင်းချပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ရံပုံငွေတွေရှာဖွေပေးနေတာပဲဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ချစ်သုဝေက သူမတတိယအကြိမ်ရောင်းချတဲ့ Macrame’ မဲကို နှစ်ရက်အတွင်း အစောင်ရေ (၂၀၀၀) ကျော်ရောင်းချနိုင်ခဲ့ကြောင်း “Macrame’ မဲတွေ အားပါးတရ ၂ရက်အတွင်း၂၀၀၀ကျော်ဝယ်အားပေးကြတာတကယ့်အမှတ်တရပါပဲ..ကျပ်ငွေ 20,750,000၊ S$ 6870 (~ 8,931,000)၊ Baht 27600 ( ~1,435200) estimated total= 31,116,200( သိန်း ၃၀၀ကျော်သွားခဲ့ပါတယ်
) လှူဒါန်းခဲ့ရာနေရာများကို လက်မှတ်ရောင်းခဲ့တဲ့pageမှာ ရှေ့အပတ်စုစည်းဖော်ပြပေးပါမယ်
” ဆိုပြီး ဝမ်းသာစရာသတင်းကောင်းလေးကို မျှဝေပေးလာပါတယ်။
ချစ်သုဝေကတော့ တတိယအကြိမ်ရောင်းချတဲ့ Macrame’ မဲကို နှစ်ရက်အတွင်း အစောင်ရေ (၂၀၀၀) ကျော်နဲ့ ုအလှူငွေ သိန်း (၃၀၀) ကျော်အောင် ရှာဖွေပေးနိုင်ခဲ့လို့တော်တော်လေး ပီတိဖြစ်ဝမ်းသာနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပြည်သူတွေရဲ့ စည်းလုံးမှုအင်အားကိုကြည့်ပြီး ကြက်သီးမွှေးညှင်းတွေတောင်ထနေကြမယ်ထင်ပါတယ်နော်။
Source: Chit Thu Wai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Macrame’ မဲတွေကို ပြည်သူတွေ တဟုန်ထိုးအားပေးမှုကြောင့် နှစ်ရက်အတွင်း မဲလက်မှတ်ရောင်းချငွေ သိန်း(၃၀၀) ကျော်ရရှိခဲ့တယ်ဆိုတဲ့ ချစ်သုဝေ
အဆိုတော်၊ သရုပ်ဆောင်ချစ်သုဝေကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ သူမတတ်နိုင်တဲ့အင်အားနဲ့ တက်ကြွစွာပါဝင်လှုပ်ရှားရင်း စစ်အာဏာရှင်လူတစ်စုကို တော်လှန်နေတာပဲဖြစ်ပါတယ်။ ချစ်သုဝေဟာ သူမကိုယ်တိုင်လက်နဲ့ဖန်တီးထားတဲ့ Macrame လေးတွေကိုလည်း မဲလက်မှတ်နဲ့ရောင်းချပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ရံပုံငွေတွေရှာဖွေပေးနေတာပဲဖြစ်ပါတယ်။