နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေရှိတာတောင် မလုံလောက်သေးဘူးလို့ ဝေဖန်နေသူတွေကို ဖြေရှင်းဖို့မရှိဘူးဆိုတဲ့ မေဦး

နိုင်ငံကျော်ဆယ်လီစုံတွဲတစ်တွဲဖြစ်ကြတဲ့ မေဦးနဲ့ ဟန်လင်းတို့ဟာ (၂၀၂၁) ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့ကြသူများဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ကြားရင်း ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့တဲ့ မေဦးနဲ့ ဟန်လင်းဟာ အခုဆိုရင် အမေရိကန်နိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်နဲ့ ရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ နိုင်ငံခြားခိုလုံခွင့်ရယူခဲ့တာနဲ့ ပတ်သက်ပြီး မေဦးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲပြောလာတာကိုတွေ့ရပါတယ်။

 

“မေဦးနှင့်ဟန်လင်း ဒီဇင်ဘာ 15 ရက်နေ့ ကအမေရိကန်နိုင်ငံ New York မြို့ကိုရောက်ခဲ့ပါတယ်။ ရောက်ရောက်ခြင်းမှာပဲ Omicron ရောဂါကူးဆက်ခြင်းခံရပြီး ၁၀ ရက်လောက် stay home နေလိုက်ရပြီးတော်တော်လေးခံလိုက်ရသည့်အတွက် လုပ်စရာလေးတွေနဲ့အသိပေးစရာလေးတွေနောက်ကြခဲ့ပါတယ်။ ဒီနေ့တော့မြန်မာ့နွေဦးတော်လှန်ရေးအတွက်အားသွန်ခွန်ဆိုက်ကူညီပေးနေကြသော New York မြို့မှနွေဦးတော်လှန်ရေးမိသားစုများ အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ကြပြီး တော်လှန်ရေးအတွက်အထောက်အကူဖြစ်မည့် ကိစ္စများနှင့်ရန်ပုံငွေ ပွဲတွေအတွက်တိုင်ပင်ဖြစ်ခဲ့ကြပါတယ်။ ထို့အပြင် မေဦးနဲ့အမှတ်တရအဖြစ် make up အပြင်ခံကြပြီး မေဦးလက်ထဲသို့ US dollar 800 ပေးခဲ့ပါသည်။”

“ထိုငွေ 800 နှင့် နောက်ပိုင်း American နိုင်ငံမှမြန်မာလူမျိုးများ နှင့် self make up class မှရရှိမည့် ငွေများကိုတော့ ကိုယ်ကျိုးအတွက်လုံးဝမသုံးပဲ တော်လှန်ရေးအတွက် ပို့ပေးသွားမည်ဟုဆုံးဖြတ်ထားပါသည်။ 1.2.2021 ရက်နေ့မှစလို့ ယနေ့အထိ ဖြစ်ပျက်ခဲ့သမျှကြုံခဲ့သမျှတွေ အများကြီးရှိခဲ့သလို (အကောင်းဆုံးဆိုတဲ့အချိန်တစ်ခုရောက်လာလျှင် ပြန်ပြောပြဖို့ စာတွေရေးထားသလို မှတ်တမ်းများလည်းရှိပါသည် ) အမှန်တရားအတွက်ရွေးချယ်ဆုံးဖြတ်ခဲ့တာတွေအများကြီးရှိသလို ရှေ့ဆက်ပြီးလုပ်စရာတွေ ဖြတ်သန်းရင်ဆိုင်စရာတွေအများကြီးရှိနေတာဖြစ်လို့ နွေဦးတော်လှန်ရေးအစကနေယခုအချိန်ထိ မေဦးတို့ရွေးခြယ်ရပ်တည်ခဲ့တဲ့ လုပ်ရပ်တွေကိုမှန်တယ်လို့အသိမှတ်ပြုပေး အားပေးခဲ့ကြတဲ့သူတွေရှိသလို မေဦးတို့ ရွေးချယ်ခဲ့တာတွေ လက်လွှတ်ခဲ့ရတာတွေဟာ မလုံလောက်သေးဘူး မမှန်ဘူးလို့ ပြောကြမည့်သူ ထင်ကြေးပေးကြမည့်သူ ဆဲရေးတိုင်းထွားကြမည့်သူတွေ ကိုတော့ ပြန်ဖြေရှင်းဖို့ မရှိပါကြောင်း အသိပေးချင်ပါတယ် ။” ဆိုပြီး ဖြေရှင်းလာခဲ့ပါတယ်။

မေဦးနဲ့ ဟန်လင်းကတော့ ကိုယ်တိုင်ရွေးချယ်ရပ်တည်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် အားပေးခဲ့တဲ့လူတွေရှိသလို၊ လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေရှိတာတောင် မလုံလောက်သေးဘူး မမှန်ဘူးလို့ ထင်ကြေးပေးဆဲရေးတိုင်းထွာကြမယ့်လူတွေကိုတော့ ပြန်ဖြေရှင်းဖို့မရှိဘူးလို့ ပြတ်သားစွာပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: May Oo ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.


*