ကိုယ်တိုင်ထိုးထားတဲ့ သိုးမွှေးအင်္ကျီလေးကို မြေပြင်က သူရဲကောင်းမလေးတွေအတွက် Surprise လက်ဆောင်ပို့ပေးခဲ့တဲ့ ပိုင်ဖြိုးသု
|သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေမချစ်ပဲနဲ့ကို မနေနိုင်တဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။ ပြည်သူချစ်မင်းသမီးလေး ပိုင်ဖြိုးသုက လက်ရှိနွေဦးတော်လှန်ရေးမှာလည်း ပြည်သူတွေနဲ့အတူတူ တရားသောဓမ္မဘက်ကနေ ရပ်တည်ပေးခဲ့တာပဲဖြစ်ပါတယ်။ မေတ္တာရှင်မလေး ပိုင်ဖြိုးသုက ဒီကနေ့မှာတော့ သူမကိုယ်တိုင်ထိုးထားတဲ့ သိုးမွှေးအင်္ကျီလေးကို မြေပြင်က သူရဲကောင်းမလေးတွေအတွက် Surprise လက်ဆောင်ပို့ပေးဖြစ်ခဲ့တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။
“ဘဝမှာသူများကိုပေးဖူးသမျှလက်ဆောင်တွေထဲမှာ အကြည်နူးရဆုံးလက်ဆောင်လေး Crochet cardiganလေးနဲ့ခေါင်းစီးကြိုးလေး ထိုးပြီးတော့ ရာသီဥတုစအေးလာတဲ့အချိန်မှာ မြေပြင်ကသူရဲကောင်းညီမလေးတွေကိုလက်ဆောင်ပေးချင်လို့ အသိအကိုတစ်ယောက်ကိုအကူညီတောင်းပြီး Novemberလကုန်လောက်ကတည်းက အဆင့်ဆင့်ကြိုးစားပြီးပို့ခဲ့ရတာ အခုရောက်သွားပါပြီ
မဲနှိုက်ရင်းသူတို့တွေပျော်နေကြတာမြင်တော့ ကိုယ်တွေအတွက်အများကြီးစွန့်လွှတ် အနစ်နာခံပေးနေသူလေးတွေကိုခဏတာပျော်သွားစေတဲ့အတွက်အရမ်းကိုကြည်နူးမိပါတယ်
”
“ဖြစ်နိုင်ရင်တော့လူစေ့အယောက်စီတိုင်းအတွက် ထိုးပေးချင်တာပါ တစ်ထည်ထိုးဖို့ ၃ပတ်လောက်အချိန်ယူရတာရော ရောက်အောင်ပို့ပေးရတဲ့လမ်းခရီးအခက်ခဲတွေကြောင့် တစ်ယောက်ပဲပေးခွင့်ရလိုက်တာကိုနားလည်ပေးမယ်ထင်ပါတယ်။ဘေးကင်းကျန်းမာအောင်နေပေးကြပါနော် ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။
ပိုင်ဖြိုးသုက တိုင်းပြည်နဲ့ လူမျိုးအတွက် မိန်းမသားတွေတန်မဲ့ အများကြီးစွန့်လွှတ်အနစ်နာခံပေးနေတဲ့ မြေပြင်က သူရဲကောင်မလေးတွေ ခဏတာပျော်ရွှင်စေဖို့အတွက် သူမကိုယ်တိုင်ထိုးထားတဲ့ သိုးမွှေးအင်္ကျီလေးကို လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။
Source: Paing Phyoe Thu ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်