လပေါင်းများစွာ ပရိသတ်နဲ့ဝေးကွာနေပြီးနောက် နှစ်သစ်ရဲ့ပထမဦးဆုံးပုံရိပ်ကို ပြသလာခဲ့တဲ့ ဖွေးဖွေး

လက်ရှိ မြန်မာ့ရုပ်ရှင်လောကရဲ့ အသက်အငယ်ဆုံး အကယ်ဒမီဆုရှင် (၃) ဆုဖြစ်တဲ့ ဖွေးဖွေးကတော့ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်အားပေးခြင်းခံရသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဖွေးဖွေးက ပြည်သူချစ်မင်းသမီးတစ်ယောက်ပီပီ လက်ရှိမြန်မာ့နိုင်ငံရေးမှာလည်း ပြည်သူတွေရှိရာ တရားသောဓမ္မဘက်မှာရပ်တည်ခဲ့ပြီး ရဲရင့်တဲ့ဆုံးဖြတ်ချက်တွေကို ချခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

(၂၀၂၁) ဖေဖော်ဝါရီလကတည်းက အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီးနောက် (၅၀၅) ကနဲ့လည်း တရားစွဲဆိုခံခဲ့ရတဲ့ ဖွေးဖွေးဟာ ပရိသတ်တွေနဲ့ အနည်းငယ် ဝေးကွာသွားခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ နှစ်သစ်၊ လူသစ်၊ စိတ်သစ်ဖြစ်နေတဲ့ ပုံရိပ်လေးကို ပရိသတ်တွေဆီချပြခဲ့ပြီး ပရိသတ်တွေကို အလွမ်းပြေစေခဲ့ပါတယ်။

ဖွေးဖွေးကတော့ (၂၀၂၂) ခုနှစ်ကို လှပခြင်းတွေနဲ့ စတင်ခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ ပုံရိပ်လေးကိုကြည့်ပြီး လပေါင်းများစွာ လွမ်းနေခဲ့ရတာတွေ အလွမ်းပြေသွားကြမယ်လို့ ထင်ပါတယ်နော်။

Source: Phway Phway’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.