ဘဝချင်းခြားခဲ့ပြီဖြစ်တဲ့ သူငယ်ချင်းရေမွန်ကို သတိရကြောင်း ခံစားချက်တွေဖွင့်ဟလာခဲ့တဲ့ အောင်လ

တစ်နိုင်ငံလုံးကပရိသတ်တွေချစ်ခင်အားပေးကြသလို အနုပညာလောကသားအချင်းချင်းလည်း လေးစားအတုယူရတဲ့ အဆိုတော် ရေမွန်ကတော့ ဘဝထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့တာ (၆) လတိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ လူသေသွားခဲ့ပေမယ့် နာမည်သေသွားခြင်းမရှိတဲ့ ရေမွန်ကို ပရိသတ်တွေကလည်း သတိရနေကြပြီး သူ့ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကလည်း နေ့စဉ်နေ့တိုင်း သတိတမ်းတနေကြဆဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ရေမွန်နဲ့ SIR အဖွဲ့ဆိုပြီး သီချင်းတွေအတူတူဆိုခဲ့ကြတဲ့ အဆိုတော်အောင်လက သူ့ရဲ့သူငယ်ချင်း ရေမွန်ကိုသတိရကြောင်းကို “ဒီနေ့ ငါမင်းကို ပို သတိရတယ် …..မင်းတို့ idiots သီချင်းတွေ ဆိုဖြစ်တယ်။ မင်းနဲ့ ကစားခဲ့တဲ့ COC တောင်ဝင်ပြီး မင်းရေးတဲ့ comments တွေပြန်ကြည့်ဖြစ်တယ်….”လ”ဘဲကွာ မင်းနဲ့ငါ ၃ရက်လောက်ကတောင်စကားပြောခဲ့သေးတယ်ကွာ…..” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ပါတယ်။

အောင်လကတော့ ဘဝခြင်းခြားခဲ့ပြီဖြစ်တဲ့ သူငယ်ချင်းရေမွန်ကို သတိရကြောင်း ခံစားချက်တွေဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အောင်လနဲ့ ထပ်တူ ရေမွန်ကိုသတိရတမ်းတနေကြမယ်ဆိုတာ သေချာပါတယ်။

Source: Aung La ( Reason )’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.