ဘားအံတက္ကသိုလ်မှာကန်တင်းကလက်ဖက်ထမင်းရောင်းတဲ့စျေးသည်ကိုကျောင်းတက်နေတဲ့တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသူလို့

ဘားအံတက္ကသိုလ်မှာကန်တင်းကလက်ဖက်ထမင်းရောင်းတဲ့စျေးသည်ကိုကျောင်းတက်နေတဲ့တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသူလို့ စစ်အုပ်စုက MRTVကနေ ဝါဒဖြန့်


ကရင်ပြည်နယ်ဘားအံတက္ကသိုလ်မှာကျောင်းလာတဲ့ကျောင်းသားမရှိတာကိုစစ်အုပ်စုကကျောင်းသားအများအပြားကျောင်းပြန်တက်နေဟန်ဆောင်ကာ

ကျောင်းမုန့်စျေးတန်းမှာလက်ဖက်ထမင်းရောင်းနေတဲ့စျေးသည်ကိုတတိယနှစ်ဂုဏ်ထူးတန်းတက်ရောက်နေတဲ့ကျောင်းသူလို့လိမ်လည်ကာ

သူတို့ရဲ့ဝါဒဖြန့်သတင်းဌာနတွေမှာမဟုတ်မမှန်သတင်းဖော်ပြခဲ့တယ်လို့ဘားအံတက္ကသိုလ်ကျောင်းသားတွေကထောက်ပြခဲ့ပါတယ်။

စစ်အုပ်စုကဘားအံတက္ကသိုလ်ပြန်လည်ဖွင့်လှစ်စည်ကားနေကြောင်းသတင်းလိမ်လည်ရိုက်ကူးကာဝါဒဖြန့်ရာမှာကျောင်းစျေးတန်းမှာလက်ဖက်ထမင်းရောင်းနေသူကို

တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသူအဖြစ်သရုပ်ဆောင်စေပြီး၊အဆောင်တွေကထမင်းချက်တွေကိုကျောင်းသူတွေအဖြစ်ကျောင်းစာသင်ခန်းတွေထဲဝင်ရောက်ထိုင်စေကာ

သတင်းလိမ်လည်ရိုက်ကူးခဲ့တာဖြစ်တယ်လို့သိရပါတယ်။“MRTVမှာဘားအံတက္ကသိုလ်ကျောင်းပြန်ဖွင့်ပြီးစည်ကားနေတယ်လို့လိမ်ပြီးတော့သတင်းလွှင့်ထားတယ်၊

အဲ့မှာအင်တာဗျူးဖြေတဲ့သူရောကျောင်းသူပါဆိုတာတွေကအင်တာဗျူးဖြေတဲ့တစ်ယောက်ကအဲ့ဒါကန်တင်းမှာလက်ဖက်ထမင်းရောင်းတဲ့သူစစ်တပ်ထောက်ခံသူ

ဘာမှကျောင်းသူမဟုတ်ဘူး၊နောက်ထပ်ကျောင်းသူတွေဆိုတာလည်းအဆောင်ကထမင်းချက်တွေဒီလူတွေမျက်နှာကိုဘယ်ကျောင်းသားမဆိုမှတ်မိတယ်၊

တကယ်ကတစ်ကျောင်းလုံးမှာ၃ယောက်ပဲတက်တာ၊အရှက်ကိုမရှိကြဘူး”လို့ဘားအံတက္ကသိုလ်ကျောင်းသားတစ်ဦးမေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့ပါတယ်။

ဘားအံတက္ကသိုလ်ကကျောင်းသား၊ကျောင်းသူတွေအနေနဲ့လူသတ်အကြမ်းဖက်စစ်အုပ်စုကဖွင့်လှစ်သင်ကြားတဲ့ဘယ်သင်တန်းကိုမှတက်ရောက်မှာမဟုတ်ဘူးလို့ကြေညာထားပါတယ်။Credit

Zawgyi Version

ဘားအံတက္ကသိုလ်မှာကန်တင်းကလက်ဖက်ထမင်းရောင်းတဲ့ဈေးသည်ကိုကျောင်းတက်နေတဲ့တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသူလို့ စစ်အုပ်စုက MRTVကနေ ဝါဒဖြန့်

ကရင်ပြည်နယ်ဘားအံတက္ကသိုလ်မှာကျောင်းလာတဲ့ကျောင်းသားမရှိတာကိုစစ်အုပ်စုကကျောင်းသားအများအပြားကျောင်းပြန်တက်နေဟန်ဆောင်ကာ

ကျောင်းမုန့်ဈေးတန်းမှာလက်ဖက်ထမင်းရောင်းနေတဲ့ဈေးသည်ကိုတတိယနှစ်ဂုဏ်ထူးတန်းတက်ရောက်နေတဲ့ကျောင်းသူလို့လိမ်လည်ကာ

သူတို့ရဲ့ဝါဒဖြန့်သတင်းဌာနတွေမှာမဟုတ်မမှန်သတင်းဖော်ပြခဲ့တယ်လို့ဘားအံတက္ကသိုလ်ကျောင်းသားတွေကထောက်ပြခဲ့ပါတယ်။

စစ်အုပ်စုကဘားအံတက္ကသိုလ်ပြန်လည်ဖွင့်လှစ်စည်ကားနေကြောင်းသတင်းလိမ်လည်ရိုက်ကူးကာဝါဒဖြန့်ရာမှာကျောင်းဈေးတန်းမှာလက်ဖက်ထမင်းရောင်းနေသူကို

တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသူအဖြစ်သရုပ်ဆောင်စေပြီး၊အဆောင်တွေကထမင်းချက်တွေကိုကျောင်းသူတွေအဖြစ်ကျောင်းစာသင်ခန်းတွေထဲဝင်ရောက်ထိုင်စေကာ

သတင်းလိမ်လည်ရိုက်ကူးခဲ့တာဖြစ်တယ်လို့သိရပါတယ်။“MRTVမှာဘားအံတက္ကသိုလ်ကျောင်းပြန်ဖွင့်ပြီးစည်ကားနေတယ်လို့လိမ်ပြီးတော့သတင်းလွှင့်ထားတယ်၊

အဲ့မှာအင်တာဗျူးဖြေတဲ့သူရောကျောင်းသူပါဆိုတာတွေကအင်တာဗျူးဖြေတဲ့တစ်ယောက်ကအဲ့ဒါကန်တင်းမှာလက်ဖက်ထမင်းရောင်းတဲ့သူစစ်တပ်ထောက်ခံသူ

ဘာမှကျောင်းသူမဟုတ်ဘူး၊နောက်ထပ်ကျောင်းသူတွေဆိုတာလည်းအဆောင်ကထမင်းချက်တွေဒီလူတွေမျက်နှာကိုဘယ်ကျောင်းသားမဆိုမှတ်မိတယ်၊

တကယ်ကတစ်ကျောင်းလုံးမှာ၃ယောက်ပဲတက်တာ၊အရှက်ကိုမရှိကြဘူး”လို့ဘားအံတက္ကသိုလ်ကျောင်းသားတစ်ဦးမေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့ပါတယ်။

ဘားအံတက္ကသိုလ်ကကျောင်းသား၊ကျောင်းသူတွေအနေနဲ့လူသတ်အကြမ်းဖက်စစ်အုပ်စုကဖွင့်လှစ်သင်ကြားတဲ့ဘယ်သင်တန်းကိုမှတက်ရောက်မှာမဟုတ်ဘူးလို့ကြေညာထားပါတယ်။

Add a Comment

Your email address will not be published.