နာမည်ကျော် စီစီဝမ်တောင်ကုန်းတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် အထိနာဟုဆို

နာမည်ကျော် စီစီဝမ်တောင်ကုန်းတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် အထိနာဟုဆို

ဇန်နဝါရီလ ၈ ရက်နေ့။


ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၆ နာရီခွဲတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အထိနာကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရပါသည်။

ယနေ့ နံနက်တွင် စစ်ကောင်စီ၏ စကခ ၇ လက်အောက်ခံ ခလရ ၃၃၂ တပ်ရင်းက အင်အား ၁၀၀ ကျော်ဖြင့် စီစီဝမ်တာပန်တောင်ပေါ်သို့ စစ်ရေးလှုပ်ရှားလာစဉ် KIA က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်္မှ ထိခိုက်သေဆုံးမှု့များကြောင်း ကချင်သတင်းရင်းမြစ်က ဆိုပါသည်။

ယခုတိုက်ပွဲသတင်းအသေးစိတ်နှင့် နှစ်ဖက်သေဆုံးစာရင်း သိရှိနိုင်ရန် ကချင်လွတ်လပ်ရေးတပ်မတော်ထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားလျှက်ရှိပါသည်။

Add a Comment

Your email address will not be published.