မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိသော ကိုးရီးယားသီလရှင်ဆရာလေး ပြောတဲ့ မြန်မာပေါ်အမြင်

မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိသော ကိုးရီးယားသီလရှင်ဆရာလေး ပြောတဲ့ မြန်မာပေါ်အမြင် မြန်မာတနိုင်ငံတစ်နိုင်ငံလုံး ပထမကြီးတန်းတွင် ပထမဆုရရှိသောကိုးရီးယားလူမျိုးသီလရှင် မ မနာပိကာ (၃၁) နှစ်၏ မြန်မာနိုင်ငံပေါ်အမြင်လေးပါ…

မြန်မာတွေ အတုယူသင့်လို့ ပြန်လည်မျှဝေပါတယ်… “မြန်မာပြည်မှာမွေးတယ်ဆိုကတည်းက ကုသိုလ်ကံကောင်းပါတယ်..ပတိရူပ ဖြစ်ပါတယ် မြန်မာတွေကမွေးကတည်းက ဗုဒ္ဓယဉ်ကျေးမှုနဲ့ထိတွေ့ရပါတယ်. .

ဒါ့ကြောင့်မြန်မာတွေ ကံကောင်းပါတယ်၊၊ဆရာလေးတို့ကိုးရီးယားမှာ ငါးပါးသီလတို့ ဘာတို့ရှိဖို့မလွယ်ပါဘူး သင်ပေးမဲ့ဆရာသမားတွေလည်းမရှိကြပါဘူး၊၊ ဒါပေမဲ့ မြန်မာတွေက အမေရိကန်ယဉ်ကျေးမှု ၊နိူင်ငံခြားယဉ်ကျေးမှုကိုအထင်ကြီးကြတယ်၊၊

အဲဒါက စိတ်မကောင်းစရာပါ.. ကိုယ့်အနီးမှာဒီထက်အဆပေါင်းများစွာကောင်းတဲ့ယဉ်ကျေးမှုတွေရှိနေပါလျှက်နဲ့အဲဒါကိုစိတ်မဝင်စားပဲ တခြားကိုစိတ်ဝင်စားအထင်ကြီးနေတာ စိတ်မကောင်းစရာပါ၊၊

မြန်မာတွေ ဗုဒ္ဓယဉ်ကျေးမှုကိုပိုပြီးတန်ဘိုးထားစေချင်တယ် ၊၊တစ်ဘဝစာမဟုတ်ပဲ သံသရာတလျောက်လုံးအတွက် အင်မတန်အကျိုးကျေးဇူးများတဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကိုအသိတရားရော အကျင့်တရားပါ မြန်မာလူမျိုးအားလုံးထိုက်သင့်သလောက် အားထုတ်စေချင်ပါတယ် ၊၊

ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*