အနောက်နိုင်ငံများရဲ့ ပိတ်ဆိုးမှုကြောင့် တပ်မတော်ပိုင် လုပ်ငန်းများ ဝင်ငွေကျဆင်းနေသည့်အပြင် စီမံကိန်းမျာ ဖျက်သိမ်းခံရလို့ အထိနာ

အကြမ်းဖက်စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းMEC လုပ်ငန်းများမှာ အာဏာသိမ်းပြီးနောက် ဝင်ငွေကျဆင်းမှုအပြင် စီမံကိန်းများပါ ဖျက်သိမ်းခံနေရသဖြင့် အထိနာနေကြောင်း MEC သတင်းရပ်ကွက်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

MEC ၏ အထိနာဆုံးသော စီမံကိန်း ဖျက်သိမ်းခံရမှုမှာ ရန်ကုန်အလုံဆိပ်ကမ်းတွင် တည်ဆောက်နေသည့် အမေရိကန်ဒေါ်လာ သန်း ၂၉၀ တန် ရန်ကုန်ကွန်တိန်နာ ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းဖြစ်ကြောင်း၊ အဆိုပါဆိပ်ကမ်းစီမံကိန်းကို

အိန္ဒိယဆိပ်ကမ်းတည်ဆောက်ရေး ကုမ္ပဏီဖြစ်သော Adani Ports နှင့် ၂၀၁၉ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် မတ်လနှင့် ဇွန်လအတွင်း အပြီးတိုင် ရုပ်သိမ်း၍ လုံး၀ စွန့်ခွာမည်ဖြစ် ကြောင်း Adani Ports က တရားဝင်ကြေညာခဲ့ကြောင်း သိရှိရသည်။

“ဒီဆိပ်ကမ်းစီမံကိန်း ရပ်လိုက်တာ နိုင်ငံတကာ ငွေကြေးချေးယူမှုတွေကအစ အတော်ကို ထိခိုက်သွားတယ်။ MEC နဲ့ ဦးပိုင်ကို ဦးတည်တဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကလည်း အခု နိုင်ငံတကာနဲ့ အလုပ်လုပ်တာမှာ အတော်အခက် အခဲဖြစ်လာတယ်။

ရေရှည်စီမံကိန်းလုပ်ငန်းတွေ ဘာဖြစ်မလဲ မခန့်မှန်းတတ်တော့ဘူး” ဟု MEC မှ အရာရှိတစ်ဦးက ပြောသည်။ စစ်တပ်ပိုင် စီးပွားရေးအုပ်စုများဖြစ်ကြ​သော မြန်မာ့စီးပွား​ရေးဦးပိုင်နှင့် မြန်မာ့စီပွား​ရေး​ကော်ပို​ရေးရှင်း (UMEHL and MEC) တို့ကို

၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်​နေ့မှစတင်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့က စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ထို့ပြင် Mytel ဆက်သွယ်ရေးကုမ္ပဏီကို ပြည်သူများက သပိတ်မှောက်နေခြင်းက Mytel ရှယ်ယာ ၂၈ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော MEC အတွက်

ဝင်ငွေကျဆင်းမှုအပြင် အနာဂတ် မရေရာမှုများပါ ဖြစ်ပေါ်စေကြောင်း သိရှိရသည်။ “Mytel တာဝါတိုင်တွေ အချိုးခံရတာ၊ Mytel ဖုန်းကတ်တွေကို မသုံးဖို့ သပိတ် မှောက်နေတာတွေကလည်း ဘယ်လိုကျော်လွှားမလဲဆိုတာလည်း လူကြီးတွေ အတော်ကို ခေါင်းခဲကြတယ်။

Mytel ပတ်သက်လို့ စတင်ချိန်ကတည်းက အင်မတန်မှကို ရုန်းကန်နေရတာ အခုကတော့ အနုတ်လက္ခဏာ ဘက်ကို တော်တော်ထိုးဆင်းတယ်။ ဘယ်လောက်အထိ အရှုံးခံမလဲ။ ဘယ် လောက်ထိ ရှုံးနိုင်လဲ ဆိုတာမျိုး တွက်ချက်နေရတယ်” ဟု MEC အရာရှိကဆိုသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသည် ၂၀၁၉ ခုနှစ်တွင် စစ်တပ်၏ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းအဖြစ် အခွန်ဆောင်မှုများရှိခဲ့ကြောင်း၊ MEC သည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၅၅ ဒသမ ၃၇ ဘီလျံ၊ ၂၀၁၈-၁၉ တွင် ၅၃ ဒသမ ၈ ဘီလျံခန့် အခွန်ဆောင်ခဲ့ကြောင်း၊

လက်ရှိတွင် အခွန်မဆောင်နိုင်တော့ကြောင်း၊ လက်ရှိ စစ်ကောင်စီက အာဏာချုပ်ကိုင်ထား၍ အခွန်ဆောင်ရန် မလိုအပ်သည့်သဘောဖြစ်ကြောင်း MEC သတင်းရပ်ကွက်ဆိုသည်။ MEC လက်အောက်တွင် သံမဏိစက်ရုံ၊

ဘိလပ်မြေစက်ရုံ အပါအဝင် စက်မှုကုန်ထုတ် စက်ရုံပေါင်း ၂၀ ကျော် ၊ အင်း၀ဘဏ်၊ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ Mytel ဆက်သွယ်ရေးကုမ္ပဏီ အပါအဝင် စီးပွားရေးလုပ်ငန်းပေါင်းမြောက်မြားစွာကို လုပ်ကိုင်လျက်ရှိသော စစ်တပ်ပိုင် လုပ်ငန်းကြီးတစ်ခုဖြစ်သည်။

Zawgyi

အၾကမ္းဖက္စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းMEC လုပ္ငန္းမ်ားမွာ အာဏာသိမ္းၿပီးေနာက္ ဝင္ေငြက်ဆင္းမႈအျပင္ စီမံကိန္းမ်ားပါ ဖ်က္သိမ္းခံေနရသျဖင့္ အထိနာေနေၾကာင္း MEC သတင္းရပ္ကြက္မွ ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

MEC ၏ အထိနာဆုံးေသာ စီမံကိန္း ဖ်က္သိမ္းခံရမႈမွာ ရန္ကုန္အလုံဆိပ္ကမ္းတြင္ တည္ေဆာက္ေနသည့္ အေမရိကန္ေဒၚလာ သန္း ၂၉၀ တန္ ရန္ကုန္ကြန္တိန္နာ ဆိပ္ကမ္းတည္ေဆာက္ေရး စီမံကိန္းျဖစ္ေၾကာင္း၊ အဆိုပါဆိပ္ကမ္းစီမံကိန္းကို

အိႏၵိယဆိပ္ကမ္းတည္ေဆာက္ေရး ကုမၸဏီျဖစ္ေသာ Adani Ports ႏွင့္ ၂၀၁၉ ခုႏွစ္ကတည္းက စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၂၀၂၂ ခုႏွစ္ မတ္လႏွင့္ ဇြန္လအတြင္း အၿပီးတိုင္ ႐ုပ္သိမ္း၍ လုံး၀ စြန႔္ခြာမည္ျဖစ္ ေၾကာင္း Adani Ports က တရားဝင္ေၾကညာခဲ့ေၾကာင္း သိရွိရသည္။

“ဒီဆိပ္ကမ္းစီမံကိန္း ရပ္လိုက္တာ ႏိုင္ငံတကာ ေငြေၾကးေခ်းယူမႈေတြကအစ အေတာ္ကို ထိခိုက္သြားတယ္။ MEC နဲ႔ ဦးပိုင္ကို ဦးတည္တဲ့ အေနာက္ႏိုင္ငံေတြရဲ႕ ပိတ္ဆို႔မႈေတြကလည္း အခု ႏိုင္ငံတကာနဲ႔ အလုပ္လုပ္တာမွာ အေတာ္အခက္ အခဲျဖစ္လာတယ္။

ေရရွည္စီမံကိန္းလုပ္ငန္းေတြ ဘာျဖစ္မလဲ မခန႔္မွန္းတတ္ေတာ့ဘူး” ဟု MEC မွ အရာရွိတစ္ဦးက ေျပာသည္။ စစ္တပ္ပိုင္ စီးပြားေရးအုပ္စုမ်ားျဖစ္ၾက​ေသာ ျမန္မာ့စီးပြား​ေရးဦးပိုင္ႏွင့္ ျမန္မာ့စီပြား​ေရး​ေကာ္ပို​ေရးရွင္း (UMEHL and MEC) တို႔ကို

၂၀၂၁ ခုႏွစ္ မတ္လ ၂၅ ရက္​ေန႔မွစတင္ၿပီး အေမရိကန္၊ ၿဗိတိန္၊ ကေနဒါတို႔က စီးပြားေရးပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့သည္။ ထို႔ျပင္ Mytel ဆက္သြယ္ေရးကုမၸဏီကို ျပည္သူမ်ားက သပိတ္ေမွာက္ေနျခင္းက Mytel ရွယ္ယာ ၂၈ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားေသာ MEC အတြက္

ဝင္ေငြက်ဆင္းမႈအျပင္ အနာဂတ္ မေရရာမႈမ်ားပါ ျဖစ္ေပၚေစေၾကာင္း သိရွိရသည္။ “Mytel တာဝါတိုင္ေတြ အခ်ိဳးခံရတာ၊ Mytel ဖုန္းကတ္ေတြကို မသုံးဖို႔ သပိတ္ ေမွာက္ေနတာေတြကလည္း ဘယ္လိုေက်ာ္လႊားမလဲဆိုတာလည္း လူႀကီးေတြ အေတာ္ကို ေခါင္းခဲၾကတယ္။

Mytel ပတ္သက္လို႔ စတင္ခ်ိန္ကတည္းက အင္မတန္မွကို ႐ုန္းကန္ေနရတာ အခုကေတာ့ အႏုတ္လကၡဏာ ဘက္ကို ေတာ္ေတာ္ထိုးဆင္းတယ္။ ဘယ္ေလာက္အထိ အရႈံးခံမလဲ။ ဘယ္ ေလာက္ထိ ရႈံးႏိုင္လဲ ဆိုတာမ်ိဳး တြက္ခ်က္ေနရတယ္” ဟု MEC အရာရွိကဆိုသည္။

စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းသည္ ၂၀၁၉ ခုႏွစ္တြင္ စစ္တပ္၏ ပုဂၢလိက စီးပြားေရး လုပ္ငန္းအျဖစ္ အခြန္ေဆာင္မႈမ်ားရွိခဲ့ေၾကာင္း၊ MEC သည္ ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္တြင္ ၅၅ ဒသမ ၃၇ ဘီလ်ံ၊ ၂၀၁၈-၁၉ တြင္ ၅၃ ဒသမ ၈ ဘီလ်ံခန႔္ အခြန္ေဆာင္ခဲ့ေၾကာင္း၊

လက္ရွိတြင္ အခြန္မေဆာင္ႏိုင္ေတာ့ေၾကာင္း၊ လက္ရွိ စစ္ေကာင္စီက အာဏာခ်ဳပ္ကိုင္ထား၍ အခြန္ေဆာင္ရန္ မလိုအပ္သည့္သေဘာျဖစ္ေၾကာင္း MEC သတင္းရပ္ကြက္ဆိုသည္။ MEC လက္ေအာက္တြင္ သံမဏိစက္႐ုံ၊

ဘိလပ္ေျမစက္႐ုံ အပါအဝင္ စက္မႈကုန္ထုတ္ စက္႐ုံေပါင္း ၂၀ ေက်ာ္ ၊ အင္း၀ဘဏ္၊ ၾကယ္ငါးပြင့္သေဘၤာလုပ္ငန္း၊ Mytel ဆက္သြယ္ေရးကုမၸဏီ အပါအဝင္ စီးပြားေရးလုပ္ငန္းေပါင္းေျမာက္ျမားစြာကို လုပ္ကိုင္လ်က္ရွိေသာ စစ္တပ္ပိုင္ လုပ္ငန္းႀကီးတစ္ခုျဖစ္သည္။

Add a Comment

Your email address will not be published.