လေတပ်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို တပ်မတော်မှ အနားပေး

လေချုပ်ကို စစ်ကောင်စီခေါင်းဆောင်အနားပေး စစ်ကောင်စီရဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို စစ်ကောင်စီခေါင်းဆောင်က အနားပေးလိုက်တယ်လို့ လေတပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

အနားပေးရတဲ့အကြောင်းရင်းကိုတော့အတိအကျမသိရသေးပါဘူး ။စစ်ကောင်စီ လေတပ်အသိုင်းအဝိုင်းကတော့ ဗိုလ်ချုပ်ကြီးရာထူးနဲ့ ၄ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမတက်တဲ့အတွက်

အနားပေးခံရတာလို့ဆိုကြပါတယ်။ စစ်ကောင်စီ လေချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မိတ္ထီလာမှာ ကျင်းပတဲ့လေယောဉ်မောင်းသင်တန်းဆင်းပွဲ ကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။

သူဟာ စစ်ကောင်စီရဲ့လေချုပ်အဖြစ် ၂၀၁၈ ခုနှစ်ကစတင်ပြီး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာတာတွေ့ရပါတယ်။

Zawgyi

ေလခ်ဳပ္ကို စစ္ေကာင္စီေခါင္းေဆာင္အနားေပး စစ္ေကာင္စီရဲ႕ ေလတပ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ကို စစ္ေကာင္စီေခါင္းေဆာင္က အနားေပးလိုက္တယ္လို႔ ေလတပ္အသိုင္းအဝိုင္းကေန သိရပါတယ္။

အနားေပးရတဲ့အေၾကာင္းရင္းကိုေတာ့အတိအက်မသိရေသးပါဘူး ။စစ္ေကာင္စီ ေလတပ္အသိုင္းအဝိုင္းကေတာ့ ဗိုလ္ခ်ဳပ္ႀကီးရာထူးနဲ႔ ၄ ႏွစ္ေက်ာ္ တာဝန္ထမ္းေဆာင္ၿပီးေနာက္ ရာထူးမတက္တဲ့အတြက္

အနားေပးခံရတာလို႔ဆိုၾကပါတယ္။ စစ္ေကာင္စီ ေလခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ မိတၳီလာမွာ က်င္းပတဲ့ေလေယာဥ္ေမာင္းသင္တန္းဆင္းပြဲ ကို တက္ေရာက္ခဲ့တာေတြ႕ရပါတယ္။

သူဟာ စစ္ေကာင္စီရဲ႕ေလခ်ဳပ္အျဖစ္ ၂၀၁၈ ခုႏွစ္ကစတင္ၿပီး တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။ အာဏာသိမ္းၿပီးေနာက္မွာေတာ့ စစ္ေကာင္စီအဖြဲ႕ဝင္ျဖစ္လာတာေတြ႕ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*