အဖေ့နာမည်ပါတဲ့ နာမည်ကြောင့် တစ်သက်လုံးဘဝကြမ်းတမ်းမယ်ဆိုတာသိပေမယ့် တမြတ်တနိုးခံယူခဲ့ကြောင်းပြောပြလာတဲ့ ရွှေရည်သိန်းတန်

မြန်မာသံတေးသံရှင်ကြီး တွံ့တေးသိန်းတန်ဆိုတာကတော့ လူသေသွားပေမယ့် နာမည်သေသွားခြင်းမရှိတဲ့ အနုပညာရှင်ကြီးတစ်ယောက်ပါပဲ။ ဒီကနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့ကတော့ တွံ့တေးသိန်းတန်ကွယ်လွန်ခြင်း (၂၃) နှစ်ပြည့်တဲ့နေ့ပဲဖြစ်ပြီး ရွှေရည်သိန်းတန်ကလည်း သူမရဲ့ဖခင်ကြီးကို သတိရတမ်းတနေကြောင်း အခုလိုပဲရင်ဖွင့်ပြောဆိုလာတာကိုတွေ့ရပါတယ်။

“ဖေဖေ (၂၃) နှစ်ပြည့်ပြီတဲ့။ တနေ့မှမမေ့သလို..ပူလောင်မှုတွေကြုံလာတိုင်း မျက်ရည်တွေကျရတိုင်း အကြိမ်ကြိမ် လဲပြိုရတိုင်း ဖေဖေပေးတဲ့စိတ်ခွန်အားတွေနှင့် အကြိမ်ကြိမ်တည့်မတ်..ရုန်းထဖြတ်ကျော်လာခဲ့ရတာလည်း (၂၃) နှစ်ပြည့်ပြီပေါ့ဖေဖေရယ်.. သမီးနှင့် အဖေက လက္ခဏာရော ဇာတာပါတူတယ်။ သမီးနာမည်အနောက်မှာ မင်းနာမည်ပါရင် သူ့ဘဝ ကြမ်းလိမ့်မယ်လို့ ရွှေပေါ်ကျွန်းဆရာတော်ကြီးဘုရားကြီးမိန့်ခဲ့တုန်းက အဖေရော သမီးပါ ခေါင်းမာမာနှင့် မှတ်ပုံတင်ထဲအထိ ရွှေရည်သိန်းတန် လို့အဖေနာမည်ပေးခဲ့တာကို အမြဲသတိရတယ်ဖေဖေ..သမီးပျော်တယ်။ ဘာလောကဓံကြုံကြုံ သမီးကျေနပ်တယ်။ ဖေဖေ့သမီးဖြစ်ရတာ ဂုဏ်ယူတယ် ဖေဖေ.. ခေါင်းမာတာရော ဘဝနာတာရော ဘာတွေတူရတူရ ဖေဖေနှင့်သာတူရမယ်ဆို ဒီနာမည်လေးကိုတသက်လုံး တမြတ်တနိုးနှင့် သေသည်အထိ သမီးအရာရာကို အကောင်းဆုံး ဖြတ်ကျော်ပြသွားမယ်။ ဖေဖေက သမီးအတွက် တဘဝစာ လမ်းပြခဲ့သူ HERO ကြီးပါဖေဖေရယ်🙏🙏🙏” ဆိုပြီး ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။

ရွှေရည်သိန်းတန်ကတော့ သူမရဲ့သွားလေသူဖခင်ကြီးကို သတိတရရှိစွာနဲ့ သူမရဲ့ ရွှေရည်သိန်းတန်ဆိုတဲ့ နာမည်ဟာ ဘဝကြမ်းတမ်းလိမ့်မယ်ဆိုတာကို သိသိကြီးနဲ့တောင် တမြတ်တနိုး ခံယူခဲ့ကြောင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

Source: Shwe Yee Thein Tan’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.