အသက်မကချစ်ရတဲ့ သားလတ်လေး ချစ်ချစ်တုန်အတွက် ဖြစ်စေချင်တဲ့ဆန္ဒတွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ R ဇာနည်

နိုင်ငံကျော်အဆိုတော် R ဇာနည်ကတော့ တစ်နိုင်ငံလုံးက လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမရွေးကြိုက်နှစ်သက်အားပေးကြတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာမှာလည်း အောင်မြင်မှုရရှိထားသလို မိသားစုနဲ့ ပတ်သက်ရင်လည်း ပါရမီဖြည့်ဖက်ဇနီးလေးနဲ့ ချစ်စရာကောင်းတဲ့ သားသားမီးမီးတွေကို ပိုင်ဆိုင်ထားတဲ့ R ဇာနည်ဟာ ဒီတစ်ခါမှာလည်း သူ့ရဲ့အချစ်ဆုံးထဲကတစ်ယောက်ဖြစ်တဲ့ သားအလတ်လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

မနေ့က ဇန်နဝါရီလ (၁၀) ရက်နေ့ကတော့ R ဇာနည်ရဲ့သားအလတ်လေး ချစ်ချစ်တုန်ရဲ့ (၄) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး R ဇာနည်က သူ့ရဲ့သားငယ်လေးကို “Happy Birthday 🥳🥰🎉🎂🎼🎈🎊😍😘❤️🎁 သားလေး ချစ်ချစ် အသက်ရှည် ကျန်းမာချမ်းသာပြီး ဘိုးဘွား မိဘ ဦးဦးဒေါ်ဒေါ် ဆရာသမား ကိုကိုမမ များကို ရိုသေကိုင်းရှိုင်းပြီး လိမ္မာရေးချားရှိတဲ့ သားကောင်းရတနာလေး ဖြစ်ပါစေဗျာ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

R ဇာနည်ကတော့ သူ့ရဲ့ သားအလတ်လေး ချစ်ချစ်တုန်အတွက် ရင်ထဲကဆန္ဒတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ချစ်ချစ်တုန်လေးအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

Source: Zarni Myonyunt’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*