ဇနီးဟောင်းနဲ့ ပြန်အဆင်ပြေနေတာမျိုးမဟုတ်ပဲ ချစ်သူသစ်တွေ့နေပြီဖြစ်ကြောင်း ပြသလာခဲ့တဲ့ ကျားပေါက်

အဆိုတော် ကျားပေါက်ကတော့ သူ့ရဲ့ဖခင် အဆိုတော်ရင်ဂိုရဲ့ အနုပညာသွေးအပြည့်ပါပြီး ကျောင်းသားအရွယ်ကတည်းက အနုပညာကိုစိတ်ဝင်တစားရှိခဲ့တာပဲ ဖြစ်ပါတယ်။ သီချင်းဆိုခြင်းအပြင် သီချင်းရေးခြင်း၊ ပန်းချီဆွဲခြင်း၊ စာရေးခြင်းစတဲ့ အနုပညာနဲ့ပက်သတ်တာမှန်သမျှကို ကျွမ်းကျင်တဲ့ ကျားပေါက်က လက်ရှိမြန်မာပြည်သူပြည်သားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ ပါဝင်အားဖြည့်နေသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်ရင် ပရိသတ်တွေစိတ်ဝင်စားမှုရရှိတဲ့ ကျားပေါက်ဟာ လတ်တလောမှာလည်း သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိနေတာပဲဖြစ်ပါတယ်။

ကျားပေါက်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်ကပဲ သူနဲ့ (၁၃) နှစ်ကြာပေါင်းသင်းခဲ့တဲ့ ဇနီးသည်ဇုံဇုံနဲ့ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့တာပဲဖြစ်ပါတယ်။ ကွာရှင်းပြီး ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်မှာ ကျားပေါက် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တိမ်းရှောင်နေရစဉ် ကျားပေါက်နဲ့ သူ့ရဲ့ဇနီး ဇုံဇုံတို့ဟာ ပြန်လည်အဆင်ပြေခဲ့ပြီး ကျားပေါက်ကလည်း သူတို့ရဲ့ (၁၅) နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့အတွက် လူသိရှင်ကြား ဆုတောင်းခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် ကျားပေါက်နဲ့ သူ့ရဲ့ဇနီး ဇုံဇုံတို့ရဲ့ အဆင်ပြေမှုဟာ လပိုင်းမျှသာရှိခဲ့ပြီး (၂၀၂၂) ခုနှစ်အစပိုင်းမှာတော့ ကျားပေါက်နဲ့ အဆိုတော် ဆွိဝတ်ရည်သောင်းတို့ဟာ ချစ်သူတွေဖြစ်နေပြီဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါသတင်းတွေအတွက် ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ဟာ တစ်စုံတစ်ရာငြင်းဆိုခြင်းမရှိခဲ့ပဲ ကျားပေါက်ကိုယ်တိုင်ကလည်း ဇနီးဟောင်းနဲ့ ပြန်အဆင်ပြေနေတာမျိုးမဟုတ်ပဲ ချစ်သူသစ်တွေ့နေပြီဖြစ်ကြောင်းကို စုံတွဲလိုက်ပုံတင်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ပရိသတ်တွေကတော့ (၁၅) နှစ်ကြာပေါင်းသင်းလာပြီး သမီးနှစ်ယောက်တောင် ပိုင်ဆိုင်နေခဲ့ပြီဖြစ်တဲ့ ကျားပေါက်တို့ဇနီးမောင်နှံကို ပြန်လည်အဆင်ပြေစေချင်ပေမယ့် ကျားပေါက်ကတော့ ချစ်သူသစ်ရနေပြီဆိုတဲ့အကြောင်း ပြတ်ပြတ်သားသားချပြခဲ့ပြီပဲဖြစ်ပါတယ်။

Source: Han Htue Lwin’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*