ဝိုင်းစုခိုင်သိန်းရဲ့ အရင်ခင်ပွန်းမတိုင်ခင်ကတည်းက ဝိုင်းစုခိုင်သိန်းကိုချစ်ခဲ့တာဆိုပြီး ပြတ်သားစွာပြောလာတဲ့ အောင်လ

အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ကတော့ ဂီတအနုပညာလောကမှာ အားပေးသူပရိသတ်အသီးသီးနဲ့ အောင်မြင်နေကြတဲ့ အဆိုတော်တွေပဲဖြစ်ပါတယ်။ ခံယူချက်ချင်းတူညီသလို ခံစားချက်ချင်းလည်း တစ်ထပ်တည်းကျတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ဟာ ချစ်ခဲ့ကြပြီးမှ နောက်လူတွေနဲ့အသီးသီး လက်ထပ်ခဲ့ကြပြီးမှ အခုဆိုရင် အိမ်ထောင်အသီးသီးကွဲပြီး နှစ်ယောက်သားဘဝလေးကို တည်ဆောက်ခဲ့ကြပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အောင်လက ဝိုင်းစုခိုင်သိန်းအပေါ် အရမ်းချစ်တာနဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းရဲ့ အရင်ခင်ပွန်း ကိုဥက္ကာမြင့်ကြူမတိုင်ခင်ကတည်းက ချစ်ခဲ့ကြောင်း “မိန်းမကိုချစ်ခဲ့တာ ဟိုးမအေပေးလေးး မတိုင်ခင်ကတည်းက ခုတော့်ကိုယ် ပိုင်ပြီလေ….ချစ်ရတာလည်း ပျော်စရာပဲ။နိုင်ငံရေးတောင် မလုပ်နိုင် တော့ဘူး” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။

အောင်လကတော့ သူကိုယ်တိုင်လည်း အိမ်ထောင်နဲ့ကွဲခဲ့ပြီး ပထမအချစ်ဝိုင်းစုခိုင်သိန်းကို ရွေးချယ်ခဲ့သလို ဝိုင်းစုခိုင်သိန်းကလည်း အိမ်ထောင်နဲ့ကွာရှင်းခဲ့ပြီး အောင်လကို ရွေးချယ်ခဲ့တာ အခုဆိုရင် နှစ်ယောက်တစ်ဘဝ ဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

Source: Reodineius Aung La’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*